အခန်း၁၃- သြရိုမန်

Start from the beginning
                                    

"ဒီဆိုင်ကောင်းမဲ့ပုံပဲ..."

ရှုပ်ထွေးနေတဲ့ လမ်းမတွေပေါ်မှာ လျှောက်သွားနေချိန်မှာ သြရိုမန်ကတော့ သူ့ရဲ့ ဒေါသအတွေးတွေထဲမှာ နစ်မြောနေခဲ့တာဖြစ်လေတယ်... မီနာ သူ့လက်ကိုလာဆွဲတော့မှသာ သူ့အတွေးတွေဟာ ရပ်သွားလေရင်း သူမကို ကြည့်မိတော့တာဖြစ်လေတယ်... မီနာ့ရဲ့ မျက်လုံးတွေဟာ ဖက်ရှင်အကျဆုံး brand ကို ခင်းကျင်းပြသထားတဲ့ ဆိုင်ထဲက အကျီင်္တွေကို ငေးနေတာဖြစ်လေတယ်...

"အဲ့အင်္ကျီကြိုက်တယ်..."

သြရိုမန်ဟာ မီနာ့ရဲ့ လက်ချောင်းလှလှလေးညွှန်ပြထားတဲ့ ပန်းရောင်baby doll ၀တ်စုံကို လိုက်ကြည့်မိလေတော့တယ်... စကားတစ်ခွန်းမဆိုလေပဲ မီနာ့လက်ကိုသာ သူဆွဲလိုက်ရင်း ဆိုင်ထဲဝင်သွားလေတော့တယ်... ဆယ့်ငါးမိနစ်အကြာမှာတော့ ဒီစုံတွဲဟာဆိုင်ထဲက ထွက်လာလေတယ်... သြရိုမန်ဟာ မီနာ့ ကျောင်းဝတ်စုံထည့်ထားတဲ့အိတ်ကို လက်မှာဆွဲထားချိန်မှာ မီနာဟာတော့ အသစ်ဝယ်လာတဲ့ ချစ်စရာပန်းရောင် baby doll ၀တ်စုံလေးကို ၀တ်ထားတာဖြစ်လေတယ်...

နှစ်ယောက်သား လမ်းမပေါ်မှာ လျှောက်သွားကြတဲ့အခါမှာတော့ မျက်လုံးပေါင်းများစွာဟာ သူတို့ကို ငေးကြည့်နေကြလေပြီ... ၁၈နှစ်အရွယ်ကောင်လေးနဲ့ ၁၇နှစ်အရွယ်ကောင်မလေးတို့ လက်ချင်းချိတ်ပြီး လျှောက်သွားနေတာဟာ ပုံမှန်မြင်နေကျမြင်ကွင်းပါပဲ... သို့သော်ငြား သြရိုမန်ရဲ့ ပြင်းပြတဲ့အရှိန်အ၀ါနဲ့ မီနာ့ရဲ့ ချစ်စရာကောင်မလေးပုံစံဟာ သူတို့ကို ကြည့်ကောင်းလွန်းတဲ့စုံတွဲအဖြစ် အားလုံးရဲ့ အာရုံကို ဖမ်းစားလိုက်တော့တာဖြစ်လေတယ်...

သို့သော်ငြား သြရိုမန်ရော၊ မီနာရောဟာ တခြားသူတွေရဲ့ သူတို့အပေါ်အမြင်ကို သတိပြုခဲလေတာကြောင့် သူတို့ကို ဗြောင်ကြည့်နေတဲ့ မျက်လုံးတွေကို လျစ်လျူသာ ရှုထားကြလေတော့တယ်... လမ်းဘေးအစားအစာတွေကိုစားပြီး လမ်းဘေးဈေးတွေမှာ လျှောက်လည်ပတ်ရင်းနဲ့သာ ဒီစုံတွဲဟာ သူတို့ရဲ့ အားလပ်တဲ့လှပတဲ့နေ့ရက်ကို ကုန်ဆုံးနေခဲ့ကြလေတယ်...

ထို့နောက်မှာတော့ ရုတ်ချည်းဆိုသလို သာယာလှတဲ့နေသာတဲ့ရက်လေးဟာ မိုးတွေစတင် ရွာသွန်းလာတော့တာဖြစ်လေတယ်... သြရိုမန်နဲ့ မီနာဟာ မိုးခိုဖို့ရာ နေရာကို ပြေးလွှားရှာဖွေရတော့တယ်... သူတို့နှစ်ဦး ဟိုတယ်တစ်ခုအရှေ့ကိုရောက်သွားချိန်မှာတော့ မီနာဟာ ရယ်ချင်လာတော့တယ်...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Where stories live. Discover now