အခန်း၈- သြရိုမန်

Start from the beginning
                                    

ရွှဲ့ပြောရရင်တော့ သြရိုမန်ဟာ မီနာနဲ့ အိပ်ပြီးခဲ့လေပြီ... ပုံမှန်အတိုင်းဆိုရင်က သြရိုမန်ဟာ သူနဲ့အိပ်ပြီးသား မိန်းကလေးတွေကို စိတ်ဝင်စားလေ့မရှိတော့ဘူး... မီနာ့အပေါ် အခုလိုရွံ့တွံ့တွံ့ဖြစ်နေတယ်ဆိုတဲ့အချက်ဟာ အနည်းငယ် ရယ်စရာ ကောင်းနေလေတယ်... အနည်းဆုံးတော့ မီနာ့ ကိုယ်ထဲက ၀ိဥာဉ်အတွက် ရယ်စရာကောင်းနေလေတယ်...

သြရိုမန်ဟာ သူ့ရဲ့ အပြုအမူနဲ့ ခံစားချက်တွေအပေါ် သတိမမူမိနေတဲ့တစ်ဖက်မှာ မီနာဟာ ဒါကိုအကျိုးရှိရှိအသုံးချလေတယ်...
ဘယ်လိုမျိုးအသုံးချတာလဲ??
ထိုသူ့ရဲ့ နွေးထွေးတဲ့အကြည့်၊ နူးညံ့တဲ့လေသံနဲ့ သတိကြီးလှတဲ့ ထိတွေ့မှုတွေကို မသိချင်ယောင်ဆောင်တော့တာပါပဲ... သူမကို သူချဉ်းကပ်လာတဲ့အခါတိုင်းမှာ မီနာဟာ တုန့်ပြန်ခဲလွန်းလှပြီး သူ့ရဲ့ စနောက်မှုတွေကိုလည်း အဖက်မလုပ်လေဘူး...

သူတို့နှစ်ယောက် စာကြည့်တိုက်ထဲမှာ ရှိနေတဲ့အခါတိုင်းမှာ မီနာဟာ စာလုပ်နေ၊ ဒါမှမဟုတ် စာဖတ်နေတဲ့အချိန်မှာ သြရိုမန်ကတော့ သူမကို ရိုးရိုးလေးသာ မျက်နှာချင်းဆိုင်မှာထိုင်ရင်း ငေးကြည့်နေတာမျိုးဖြစ်လေတယ်...

ဒီအမျိုးသားလေးရဲ့ သူမကို လိုချင်နေတဲ့စိတ်ဆန္ဒကို သူမ မြင်နိုင်ပေမယ့် သူ့ကို သူမ စောင့်သာကြည့်နေ လိုက်လေရင်း မီနာဟာ တမင်တကာ စနောက်လေတယ်- သူမရဲ့လည်တိုင်နဲ့ ရင်ညွှန့်တွေကို ဘာသိဘာသာဟန်နဲ့ ဖော်ထားရင်း သူ့ကိုနှိပ်စက်လေတယ်... သူမဟာ ဒီကောင်ဆိုးလေးရဲ့ ညစ်ညမ်းတဲ့ အတွေးတွေကို နားလည်နေတာကြောင့် ဒါကိုတမင် နှိုးဆွပေးလေရင်း သူမကတော့ တည်ငြိမ်စွာသာ ဘာမှမဖြစ်လေတဲ့ ဟန်ပန်နဲ့ နေလေတယ်...

"မီနာ..."

သြရိုမန်ရဲ့ စကားသံတွေထဲက လိုချင်တပ်မက်တဲ့ဆန္ဒကို မီနာ ကြားနေရပေမယ့် ဖတ်စာအုပ်ရဲ့ နောက်တစ်မျက်နှာကိုသာ လှန်လိုက်လေရင်း မှတ်စုတွေကို ဆက်ကာချရေးနေလိုက်ကာ ထိုသူ့ကို လျစ်လျူရှုဖို့ကိုသာ ရွေးချယ်လိုက်လေတယ်...

"မီနာ..."

ထိုကောင်ဆိုးလေးကို သနားလာတာကြောင့် မီနာဟာ မျက်လုံးတွေကို စာအုပ်ကို ကြည့်နေရာကနေ မော့ကြည့်လိုက်လေရင်း လက်ထဲက ခဲတံကို ခဏရပ်ထားလိုက်လေတယ်... သူမရဲ့ အကြည့်တွေကို နောက်ဆုံးမှာတော့ ရလိုက်ပြီဖြစ်တာကြောင့် သြရိုမန်ဟာပိုက်ထားတဲ့လက်တွေပေါ် မေးတင်ထားရာမှ ခေါင်းထောင်လာလေရင်း သူမကို ပြုံးပြလိုက်လေတော့တယ်...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Where stories live. Discover now