အခန်း၆- သြရိုမန်

En başından başla
                                    

"မီနာ..."
သြရိုမန်ဟာ သူမရဲ့ စိုစွတ်ယောင်ရမ်းနေတဲ့ နှုတ်ခမ်းတွေကို နမ်းရှိုက်လျက်သာပဲ သြရှရှဆိုလေတယ်...
"ကောင်းတယ်ကွာ..."

ငှက်မွှေးတွေနဲ့အသာထိတို့သလိုမျိုးခပ်ဖွဖွအနမ်းတွေကို မီနာ့လည်တိုင်တစ်လျှောက်မှာ ခြွေချလို့နေခဲ့တာကြောင့် သြရိုမန်ဟာ သူမမျက်လုံးတွေရဲ့ ခံစားချက်ကင်းမဲ့နေမှုကို မမြင်လိုက်လေဘူး...

ထိုအချိန်လေးမှာပဲ တံခါးဟာ ပွင့်သွားလေရင်း ရင်းနှီးဖူးတဲ့ ထိတ်လန့်တကြား အော်သံကို ကြားလိုက်ရလေတော့တယ်... သူတို့နှစ်ယောက်ဟာ ကျောင်းဝတ်စုံတွေကို ၀တ်ဆင်ထားလျက်သား ရှိနေသေးပေမယ့် လျော့တိလျော့ရဲနဲ့ ဖရိုဖရဲဖြစ်နေတဲ့ အ၀တ်အစားတွေနဲ့ ချွေးနံ့စူးစူးဟာ သူမတို့နှစ်ဦး ချစ်ရည်လူးထားတာကို သက်သေပြလို့နေလေတယ်...

"ထတော့..."
မီနာ့လက်တွေဟာ သူ့ကျောပေါ်က ရှပ်အကျီင်္ကို ဆွဲချနေရင်း ထိတ်ထိတ်ပြာပြာဖွင့်သွားဟန်ကို တမင်ပြုလိုက်လေတယ်...

ရိုမန်သြဟာ ပထမကတော့ ဒီလိုလိင်ဆက်ဆံနေတဲ့အခြေအနေကို အခန်းဖော်ဆီမှာ အမိခံလိုက်ရခြင်းကို သဘောကျစရာ အခြေအနေလို့တွေးနေခဲ့ပေမယ့် မီနာ့ရဲ့ ကြောက်လန့်နေတဲ့ အမူအရာကို တွေ့လိုက်ရချိန်မှာတော့ ချက်ချင်းဆိုသလို တွေဝေမိသွားလေတယ်...

မီနာဟာ သူမရဲ့ ရှပ်အကျီင်္ကို လျှင်မြန်စွာဆွဲချပြီး ပေါ်နေတဲ့ လည်တိုင်နဲ့ ပုခုံးသားတွေကို ဖုံးကွယ်နေတာကိုကြည့်နေရင်းနဲ့သာပဲ သြရိုမန်ဟာ တုန့်ဆိုင်းစွာ ဖြည်းဖြည်းချင်းထရပ်လိုက်လေတော့တယ်...

သူမရဲ့ လျော့တိလျော့ရဲဖြစ်နေတာဟာ ချစ်စရာကောင်းလှမှန်း သူသတိထားမိနေပေမယ့် သူမ မျက်လုံးတွေထဲက စိုးရွံ့နေတဲ့ အကြည့်ကတော့ သူ့ကိုဒုက္ခပေးနေလေတယ်... သူမကို သူ့လက်မောင်းတွေနဲ့ ဖက်တွယ်ပေးပြီး ကာကွယ်ပေးချင်လှပေမယ့် မီနာကတော့ သူ့ကိုရှောင်ရှားနေပြီး ရုတ်တရတ်ဝင်လာတဲ့ထိုသူ့ကိုသာ ကြည့်လိုက်လေတယ်...

"ဆော... ဆောရီး... နင်ရောက်လာမယ်မထင်လို့... ငါ... ငါက___..."

"ဒါနဲ့ပဲ ဒီကိုလာပြီး ခံ လိုက်ရောတဲ့လား???..." အက်ရှ်လီဂျိုင်းလ်ဟာ မီနာ့ကို မနှစ်မျို့နေခြင်းအထင်းသားနဲ့ ကြည့်လိုက်လေတယ်...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Hikayelerin yaşadığı yer. Şimdi keşfedin