အခန်း၁- သြရိုမန်

Start from the beginning
                                    

ဒီအခါမှာ သူတို့ဘာလုပ်ပါသလဲ???

သူတို့မှာ သမီးလေးရှိနေသေးတာကြောင့် သူတို့သားကို ရှာမတွေ့ခင်အချိန်အထိ သားနေရာကို အစားထိုး ဟန်ဆောင်စေတော့တာဖြစ်တယ်...

အက်ရှ်လီဂျိုင်းလ်ဟာ သူမရဲ့ ရွှေရောင်ဖျော့ဆံနွယ်အရှည်ကြီးကို ညှပ်ချဖို့ရာ တွန်းအားပေးခံရလေပြီး- သူမအစ်ကို တက်ဖို့ရည်ရွယ်ထားခဲ့တဲ့ လက်ရွှေးစဉ်ကျောင်းသားတွေသာတက်နိုင်တဲ့ အဆောင်နေရတဲ့ပုဂ္ဂလိကကျောင်းမှာ သူမအစ်ကိုနေရာဝင်ကာ တက်ရောက်ဖို့ ဖိအားပေးခံရလေကာ အက်စ်တာဂျိုင်းလ်ဖြစ်လာဖို့  စေခိုင်းခံရတော့တယ်... သူမ မိဘတွေရဲ့ သူမကိုတစ်ချက်ထည့်မစဉ်းစားပေးတဲ့ ဆုံးဖြတ်ချက်မှာ သူမဟာ မိန်းကလေးဖြစ်ရဲ့သားနဲ့ ကျောင်းဆီသို့ ကိုယ့်အားကိုယ်ကိုး၍သာ လာခဲ့ရတော့တယ်...

သူမဟာ အက်စ်တာအဖြစ် ဟန်ဆောင်ရမှာဖြစ်တာကြောင့် ယောကျာ်းလေးအဆောင်မှာ နေရမှာဖြစ်လေတယ်... အပြစ်ကင်းပြီး တစ်သီးပုဂ္ဂလမိန်းကလေးတစ်ဦးအနေနဲ့ ဒီလိုမျိုး သွေးဆူလွယ်တဲ့ ယောကျာ်းငယ်လေးတွေကြားမှာ နေရဖို့ဖြစ်လာတဲ့အခါမှာတော့ အက်ရှ်လီဂျိုင်းလ်ဟာ ထိတ်လန့်သွားလေတော့တယ်...

လူသစ်ဖြစ်တဲ့ ပထမနှစ်ကျောင်းသားဖြစ်တာမို့ အက်ရှ်လီဂျိုင်းလ်ဟာ ထင်းထွက်မနေအောင် ဂရုတစိုက်နေရလေတယ်... သူမဟာ တခြားလူတွေကြားမှာ နစ်မြုပ်နေပြီး ဘယ်သူမှ သူမကို သတိမထားမိစေဖို့ မျှော်လင့်ခဲ့လေတယ်... သူမ တွေးခဲ့တာကတော့ သူမရဲ့အစ်ကို ပြန်လာရင် သူမရဲ့ သာမန်မိန်းကလေးဘ၀ကို ပြန်သွားနိုင်လိမ့်မယ်လို့ပေါ့...

ဒါဆို ဘာက ပြဿနာဖြစ်လာတာလဲ???

ဇာတ်လိုက်တွေရဲ့ ဇာတ်ကြောင်းဟာ ဘယ်တော့မှ မရိုးရှင်းလေဘူး... အက်ရှ်လီဂျိုင်းလ်ရဲ့ နူးညံ့ပြီး လှပတဲ့မျက်နှာဟာ သူမရဲ့ အားနည်းချက်ပါပဲ... သူမ ဘယ်လို ရောနှောပျောက်ကွယ်နေဖို့ ကြိုးစားကြိုးစား ကျောင်းသားတော်တော်များများဟာ သူမကို သတိထားမိလေတယ်... ကျောင်းတက်ပြီး တစ်ပတ်အကြာမှာတော့ အက်ရှ်လီဂျိုင်းလ်ဟာ ကျောင်းရဲ့ မင်းသားလေးဖြစ်တဲ့ အီသန်ကင်းင် ရဲ့အာရုံကိုသာမက ကျောင်းရဲ့လူဆိုးလေး သြရိုမန်ဆီက အာရုံကိုပါ ဖမ်းစားမိသွားလေတော့တယ်...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Where stories live. Discover now