သူရ၏ ခပ်ကြောင်ကြောင်အတွေးတွေသည်
ဒီတစ်ခါတော့ အသုံးတည့်သွားသည်။

ထို့နောက် ထူးထက်ခေါင်က သူ့ မန်နေဂျာဆီ
ဖုန်းဆက်လိုက်ကာ ဂျပန်မှာ နေတယ်ဆိုတဲ့
ရွှန်းမြတ်နိးပိုင်ရဲ့ ဦးလေးအကြောင်း အရင်
စုံစမ်းခိုင်းရသည်။

အန်တီရတီ ပြောပုံအရဆို သူ့သားက သူ့မောင်
အငယ်ဆုံးနဲ့ ဂျပန်မှာနေတာဟု သိထားတာ
ဖြစ်သည်။

မင်းကို ကိုယ်မတွေ့တွေ့အောင်ရှာပြမယ်..ညီ

"ဒါနဲ့ မင်းနဲ့ ရွှန်းမြတ်နိုးပိုင်ရော ဘယ်တော့
လက်ထပ်မှာလဲ "

သူရ ရဲ့ စကားအဆုံးမှာ သူ့မျက်လုံးထဲသို့
အေးတိအေးစက် ကောင်မလေးတစ်ယောက်ရဲ့
ပုံရိပ်က ဝင်လာသည်။ မေမေတို့ကလည်း သူ
အိမ်မှာရှိနေတဲ့ အချိန်တိုင်းလိုလို ရွှန်းမြတ်နိုး
ပိုင်နဲ့ မြန်မြန် လက်ထပ်စေချင်တဲ့ အကြောင်းပဲ
ပေါက်ပေါက်ဖောက်နေတာမို့ သူ နားညည်းလှပြီ

ရွတ်နောက်နောက်ပုံစံလေးဖြစ်တဲ့ အဲဒီမိန်းကလေး ဟာလည်း သူ့ရှေ့ရောက်သွားရင်ဘာကြောင့်အလိုလို အေးစက်သွား ရတာလဲဆိုတာ သူ စဉ်းစားမရ။

တစ်ခါတစ်လေ သူ့ကို လက်မထပ်ချင်လို့များ
လား ဟုပင် သံသယဝင်မိသည်။ သူ့လို အဘက်
ဘက်ကပြည်စုံတဲ့သူနဲ့ ယူဖို့ ကိစ္စမှာ တကယ်ဆို
ဒီကောင်မလေးအနေနဲ့ ဂုဏ်ယူလို့တောင်ရသည်ပဲ။

"အမှန်အတိုင်း ပြောရရင် ကောင်မလေးက
ချစ်ဖို့တော့ကောင်းပါတယ် တကယ်ဆိုအဲလို
မိန်းကလေးမျိူးနဲ့ အေးအေးဆေးဆေးလက်ထပ်
လို့ ရပါလျက် ညီ့ကို အရင်ရှာချင်နေမိတာ ငါ့
ကိုယ် ငါလည်း နားမလည်ဘူးကွာ "

"ထက်ခေါင် အဲဒါ မင်း အဲကောင်လေးကို ချစ်နေတာ "

သူရ ရဲ့ စကားတွေကို နားမလည်လောက်တဲ့
အထိ ကျွန်တော် တုံးအ မနေ။

သို့သော် ညီ့ကို ချစ်တယ် ဆိုတာ ကျွန်တော်
ကိုယ်တိုင်ပင် မသေချာပါ။ ညီ နဲ့ ပတ်သက်ပြီး
တိတ်တဆိတ် ရင်ခုန်ခဲ့မိသလား မေးလျှင်တော့
ရင်ခုန်ခဲ့မိတဲ့ အချိန်တစ်ချိူ့ ရှိခဲ့တာကိုတော့
ကျွန်တော် ဝန်ခံရပေမည်။

The Dimple On His Cheek ( Completed ) Z+UHikayelerin yaşadığı yer. Şimdi keşfedin