မဖြစ်နိုင်ပါဘူး ... သူ သတိရနေခဲ့သလို ညီလည်း သူ့ကို သတိရနေလောက်မှာပါ

"သူရ ဒီနေ့ မင်းကို ခေါ်လိုက်တာ အကူအညီတစ်ခုတောင်းစရာရှိလို့ ငါ့အတွက် အရမ်း အရေးကြီးတယ် "

သူရက ဘီယာ တစ်ကျိူက်မော့ရင်း သူ့ဘက်
လှည့်လာတာမို့ သူ ဆက်ပြောလိုက်သည်။

"ငါ ညီ လို့ ထင်ရတဲ့ ကောင်လေးတစ်ယောက်
ကိုတွေ့ထားတယ်ကွာ သူ့ အပြုံးတွေ သူ့ပါးပေါ်
က ပါးချိူင့်နဲ့ ပန်းရောင် အင်္ကျီ ကြိုက်တတ်တာ
တွေ က ညီနဲ့တကယ်တူတာ သက်သေမပြနိုင်
ပေမယ့် ညီလို့ကို ငါ့စိတ်ထဲက တပ်အပ်သိနေတာ
ပြသနာက အဲကောင်လေးနဲ့ ငါ့သတိုးသမီးလောင်းနဲ့ ရုပ်ချင်းဆင်နေတာပဲ "

"ဘယ်လို....."

သူရ ပါးစပ်ထဲက ဘီယာတွေ ထွက်မကျရုံတမယ် သီးခနဲ ဖြစ်သွားသည်။ ကံကြမ္မာကြီးရဲ့တိုက်ဆိုင်ပုံက သူရ အံ့သြမယ်ဆိုလည်း အံ့သြလောက်စရာပဲကို ။

"မသီးနဲ့ဦး အဲထက် အံ့သြစရာရှိသေးတယ်
ရွှန်းမြတ်နိုးပိုင် မှာလည်း အမြွှာမောင် တစ်
ယောက် ရှိတယ်ပြောတယ် အဲကောင်လေးက
သူ့အမြွှာများ ဖြစ်နေမလားလို့ ငါတွေးမိနေတာ "

"ဘာ.......အဲတာဆို မင်းတို့က အမျိူးတော်တော့မှာပေါ့ "

သူရ၏ မျက်လုံးအိမ်များသည် ပြူးကျယ်သွား
ကာ အလကားရတဲ့ အတွေးတွေကို ဟိုးအဆုံးထိ
အရှည်ကြီး တွေးပစ်လိုက်သည်။

"မသေချာဘူး ငါ သိချင်တာလည်း အဲတာပဲ
အန်တီရတီပြောတော့ သူ့သားငယ်က ဂျပန်မှာတဲ့ကွာ ငါနဲ့လည်း တစ်ခါမှမဆုံဖူးဘူး"

"မင်း ဇာတ်လမ်းက ရှုပ်ထွေးနေတာပဲကွာ
ဆက်စပ်ပြီးတွေးဖို့်တော့ လိုလာပြီ "

သူရက ရှားလော့ဟုမ်း စတိုင်ဖမ်းကာ ပြောလိုက်
တာမို့ ထူးထက်ခေါင်က ညစ်နေတဲ့ကြားက ရယ်
လိုက်မိသည်။

"အယ်... ခဏ ငါအကြံရပြီ ထက်ခေါင် ဂျပန်မှာ
ငါ့ အမဝမ်းကွဲ တစ်ယောက်ရှိတယ် သူ့ကို တစ်
ချက် စုံစမ်းခိုင်းကြည့်မယ် အရေးကြီးတာ သူ
ဘယ်မှာနေတာလဲဆိုတာ သိဖို့ပဲ "

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now