"အမ်?"
ဘာကြီးလား??ဦးဂျယ်ကြီးက ချက်ချင်းကြီး ပြောချင်တာတွေထပြောနေတာ
"ကလေးရဲ့ pointy noseလေးကို မြင်တိုင်း ကိုက်ပစ်ချင်တဲ့စိတ်တွေဘယ်လိုထိန်းထားရလဲ သိလား?"
"?? ဦးဂျယ်??"
ကျနော့်အနားကို ချက်ချင်းကြီး ကပ်လာပြီး နားရွက်နားကိုတိုးပြီးပြောလိုက်တယ်
"အဲ့နှုတ်ခမ်းပါးပါးလေးတွေနဲ့ နမ်းသွားပြီး ခုလိုမသိချင်ယောင်ဆောင်နေတော့ ဘယ်လောက်ရင်နာရလဲ သိလား?"
*ရွှတ်*
ပြောလည်းပြီးရော ပါးကိုနှစ်ဝင်နေအောင်နမ်းသွားတယ်။သူလုပ်ချင်တာတွေတစ်ခုပြီးတစ်ခုလုပ်ပြီးသွားတော့ ပါးကြီးကိုင်ကျန်နေခဲ့တဲ့ ကျနော်က အရူးကြီးပေါ့?!?
"ဘာတုန်း??!!! တကယ်မမှတ်မိလို့ပြောနေတာကို!"
"မလိမ်နဲ့~~"
"မလိမ္ဘူး..က်ေနာ္တ--"
*knock knock*
"Yes?!"
"ဆရာ Miss Parkရောက်လာတော့မယ်"
"အော်..ဟုတ်ပြီ ဟုတ်ပြီ။ ခဏပဲ"
အမလေး...အတွင်းရေးမှူးမမကို ကျေးဇူးတင်လိုက်တာ။ မဟုတ်ရင် ကျနော်လည်းဒီ့ထက်ထပ်ပေးစရာ ဆင်ခြေရော ဆင်လက်ရော တစ်ခုမှမရှိတော့ဘူး။
"အလုပ်ရှိတယ်နဲ့ တူတယ်။ ကျနော်သွားပြီ"
ခုံပေါ်ကပြေးထသွားတဲ့ကျနော့်ကို ကျောပိုးအိတ်ကနေ ပြန်ဆွဲချလိုက်တယ်။ သူ့အားကြီးနဲ့ ဆွဲမှတော့ လူက မပါဘဲနေမလား။ ဒါပေမယ့် သူဆွဲချတာ သူ့ပေါင်ပေါ်ကြီး ဆွဲလိုက်တာ
"သန်ဘက်ခါ Yutaနဲ့ Winwin မင်္ဂလာဆောင်ရှိတယ်"
"အမ်???"
ကျနော် ဦးဂျယ်ကို အလန့်တကြားနဲ့ ကြည့်လိုက်တော့ သူက ခေါင်းညိတ်ပြတယ်
"ဘယ်လိုလုပ် အဲ့လိုတွေဖြစ်သွားတာလဲ??"
"ကိုယ်လည်း မနေ့ကမှသိတာ။ အဲ့ဒါကိုယ့်ကိုဖိတ်ရင်းနဲ့ ကလေးကိုခေါ်ခဲ့ဆိုလို့.. လိုက်မယ်မို့လား?"
"အင်းအင်း"
ကျနော်လည်း တအားကိုလန့်သွားတာ။ ဟုတ်တယ်လေ မထင်ထားတာကြီးကို။ ဦးဂျယ် သူငယ်ချင်းတွေကလည်း အကုန်come outတွေချည်းပဲ။
ကျနော် အပြင်ထွက်တော့မလို့လုပ်တော့ ဦးဂျယ်က
YOU ARE READING
Uncle Jae (Complete)
FanfictionZaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!! ×× Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!!
Part (20)
Start from the beginning