သူ့စကားအဆုံးမှာ နှုတ်ခမ်းပေါ်ကျလာတဲ့ လက်သီးသေးသေးပြင်းပြင်းတချက် ညီကသူ့ကိုထိုးလိုက်တာ

"တော်တော့ ကိုကို မင်းစကားတွေရပ်လိုက်တော့ မင်းက အမြဲတမ်း ငါ့အတွက် "

"ငါ့အတွက် အဖိုးမဖြတ်နိုင်တဲ့လူတယောက် ကိုကို ဒါကြောင့် အဲ့လိုစကားလုံးတွေနဲ့ ငါ့ရင်ဘက်ကို ဓားနဲ့မမွှန်းပါနဲ့"

သူ့နာကျင်နေမှုတွေနဲ့ထပ်တူ Han ငယ့် မျက်နှာမှာလဲနာကျင်မှုတွေအတိုင်းသား။စကားတခွန်းတခွန်းပြောဖို့တောင် Han ငယ် သိပ်အားမွေးပြောနေရမှန်းသူရိပ်မိသည်။ဘယ်လိုစကားလုံးတွေနဲ့ အခုသူတို့ငြိမ်းချမ်းမှုယူရမှာတဲ့လဲ အရာအားလုံးဟာ နွေခေါင်ခေါင်မိုးကြိုးပစ်ချသလို ရုတ်တရက်ဆန်လွန်းလှတယ်။

ခနတာ ပတ်ဝန်းကျင်ကတိတ်ဆိတ်သွားပြီးနောက်မှာ တချိန်လုံးသူ့ဘေးနားရပ်နေတဲ့လူကြီးဆီက စကားသံထွက်လာတယ်။

"ညသန်းခေါင်ကျော်နေပြီ ကောင်လေး မင်းအိမ်ပြန်လိုက်တော့ Sehunnie က အခု အဖေ အဲ ဦးနဲ့လိုက်ခဲ့"

အဖေ?

အဲ့စကားလုံးကိုသူကအခုလွယ်လွယ်နဲ့လက်ခံလိုက်ရမှာလား

သူဘာစကားမှဆက်မပြောနိုင်စွာ ခေါင်းသာတွင်တွင်ခါနေမိတယ် သူတော့ရူးတော့မယ်ထင်ပါတယ်

"သား ဦးနဲ့မလိုက်ခဲ့ချင်ဘူးလားဟင်"

သူ့လောက်နီးနီးအရပ်မြင့်သော လူကြီးက သူ့မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် စမ်းကိုင်ရင်း စကားဆိုတော့ မကုန်ခမ်းနိုင်သော မျက်ရည်တွေကအကြောင်းမဲ့ထပ်ကျတယ်

"ဟင့်အင်း"

"သားသဘောပါ အတင်းအကြပ်မတောင်းဆိုဘူး အခုကအရမ်းမှောင်နေပြီသားရဲ့ ဦးနဲ့မလိုက်ချင်ဘူးဆိုလဲ အိမ်ပြန်လိုက်နော် ဦး စိတ်ပူလို့ပါသားရယ်"

စကားအဆုံးမှာ ခပ်တိုးတိုးဖြစ်သွားတဲ့ လူကြီးအသံကို သူသေချာသတိထားမိလိုက်ပါသေးသည်။တောက်လျောက်ပူလောင်လာတဲ့သူ့စိတ်တွေ ထိုလူကြီးနဲ့မျက်လုံးချင်းဆုံစကားနားထောင်ပြီးနောက်မှာ အနည်းငယ်တည်ငြိမ်လာသလို ခံစားရပြန်သည်။

"Dilemma"Where stories live. Discover now