"Yah! Yah!! ငါတို့ Jaehyunကလေ ငယ်ငယ်ကတည်းကိုက မာနမင်းသား!ရေခဲတုံးရယ်။ တစ်ကျောင်းလုံးမှာ အချောဆုံးဆိုပြီး မဲပေးရင် သူကထိပ်ဆုံးကရခဲ့တာ။ အဲ့ဒါကို ကောင်မလေးကလည်း မထားခဲ့ဘူး"-Yuta

Yutaစကားလည်းဆုံးရော ဦးဂျယ်က ကျနော့်ကိုလှမ်းကြည့်ပြီးတော့ 'ငါကွ'ဆိုတဲ့ အကြည့်နဲ့မေးငေါ့ပြတယ်

"မင်းကလည်း သူဘာလို့မထားလဲဆိုတာလည်းပြောဦးလေ"-Johnny

"သြော် အေး..ဟုတ်သားပဲ။ Taeyongလည်း သိချင်မှာ--"-Yuta

"Yuta!!!"

ဦးဂျယ်ကခေါင်းရမ်းပြပြီး Yutaကိုလှမ်းတားလိုက်တယ်

"ရပါတယ်..ပြောပြပါ။ ကျနော်လည်းသိချင်တယ်"

မပြောခင်ကတည်းကိုက ဦးဂျယ်ကြီးမှာ မျက်နှာကိုပျက်လို့။Yutaက ဦးဂျယ်ကိုကြည့်ရင်းကျနော့်ကိုကြည့်ရင်းနဲ့ စပြောပြတယ်

"အလယ်တန်းပထမနှစ်လောက်ဖြစ်မယ်ထင်တယ်နော်။ အဲ့တုန်းက Jeongရေခဲတုံး ကြိတ်crushရတဲ့ကောင်မလေးရှိတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့ကောင်မလေးက foreignerလေး..ပြင်သစ်သူလေးလားမသိဘူး။ ငါတို့ကလည်း သူ့ကိုသွားပြောခိုင်းတာပေါ့။ အဲ့ဒီ့သွားပြောတဲ့နေ့မှာပဲ ကောင်မလေးကလမ်းလျှောက်လာတာ အဲ့အချိန်မှာ Jaehyunက ကောင်မလေးဆီ တည့်တည့်ကြီးသွားပြီး ပြောတော့မယ်ပေါ့။ ဒါပေမယ့် သူတို့နှစ်ယောက်ကြားမှာ ရေအိုင်အကွက်သေးသေးလေးရှိတယ်။ အဲ့ဒါကိုမမြင်ဘဲ Jeongရေခဲတုံးက လမ်းလျှောက်လိုက်တော့ ဟန်ချက်ပျက်ပြီး ကောင်မလေးဆီautoရောက်သွားပါလေရော။ရောက်တာကလည်း ကောင်မလေးရင်ဘတ်ကို ကိုင်မိရက်သားဖြစ်နေတာ..hahaha"-Yuta

"တကယ်တော့ အဲ့ဟာက ဒီလို။ အဲ့နေ့မတိုင်ခင်ညမှာ Jaehyunက essayကျက်နေရတာ။ ငါတို့engဆရာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာသိတယ်မို့လား။ Jaehyunခမျာ eng essayလည်း ကျက်ရ၊ ကောင်မလေးကို ပြောဖို့engစကားလည်းကျင့်ရနဲ့ ဗျာများနေတာပေါ့ကွာ။ အဲ..အဲ့တော့ခုနက မင်းပြောတဲ့နေရာပေါ့ ကောင်မလေးရင်ဘတ်ကိုကိုင်မိရက်သားဖြစ်သွားတော့ ဟိုကအော်တာပေါ့။ 'what the hell are you doing!?!!!!'တဲ့လေ..Hahaha Jeong..Jeong Jaehyunလုံးဝပျာသွားပြီး essayနဲ့ ရောသွားတာထင်ပါရဲ့...။ ပြန်ပြောလိုက်တာက..hahahaha"-Johnny

Uncle Jae (Complete)Where stories live. Discover now