၂နာရီထိုးသွားသည်​။ ဘုန်း​ဝေက​တော့​ပေါ်မလာ​ပေ။ ဆုမွန်​ဆီ ဖုန်း​ခေါ်လိုက်​သည်​။

"ငါ အ​ဆောင်​​ရှေ့မှာ​စောင့်​​နေတာ ၃နာရီ​လောက်​ရှိ​နေပြီ။ သူအ​ဆောင်​မှာလည်းမရှိဘူးတဲ့"

"နင့်​ကိုပုန်း​နေတာဖြစ်​မှာ​ပေါ့။ ဆက်​​စောင့်​မ​နေနဲ့​တော့ ပြန်​လာခဲ့"

"ဒါ​ပေမယ့်​ "

"ဒါ​ပေမယ့်​ ​တွေဘာ​တွေ လုပ်​မ​နေနဲ့။ ပြန်​လာ​တော့ ကားကြီးကွင်းမှာ သွား​စောင့်​လည်းရတယ်​။
ကားကြီးကွင်းကို​တော့ သူမလာဘဲမ​နေဘူး"

"ငါ အဲ့တချက်​​မေ့သွားတယ်​၊ ခဏ​လေး ငါပြန်​လာပြီ"

ထီးကိုပိတ်​ကာဆိုင်​ကယ်​ခြင်းထဲ ထည့်​လိုက်​ပြီး
မောင်းထွက်​လာခဲ့သည်​။ ဒုတိယထပ်​မှဘုန်း​ဝေလည်း သူမကိုကြည့်​ရင်း သက်​ပြင်းချလိုက်​သည်​။

"ငါ့သူငယ်​ချင်း ရန်​ကုန်​သူ​တွေရှိတယ်​။ သူတို့ဆီက ကားဂိတ်​ဖုန်းနံပါတ်​​တွေ ​တောင်းမယ်​ ၊ အဲ့က​နေတဆင့်​ရှာလို့ရတယ်​"ဟု ဆုမွန်​က​ပြောသည်​။
တကယ်​အားကိုးရ​သော ချစ်​စရာ သူငယ်​ချင်း​လေး။

" ဟယ်​လို ၊ ​ရွှေ​တောင်​ရိုးဂိတ်​ကလားရှင့်​။
ဒီ​နေ့ညကားကို ဘုန်း​ဝေယျာညိမ်း နာမည်​နဲ့လက်​မှတ်​ဖြတ်​ထားတာရှိလားရှင့်​"

"ဟုတ်​၊ တချက်​​လောက်​ကြည့်​​ပေးပါလားရှင့်​"

"ခရီးသည်​နာမည်​ ဘုန်း​ဝေယျာညိမ်း ပါ"

ဆုမွန်​နှင့်​ မြူနှင်း နှစ်​​ကောင်​သား ဂိတ်​​တွေကို ဖုန်းဆက်​ပြီး အလုပ်​များ​နေကြသည်​။

"ဟဲ့ ဟဲ့ မြူနှင်း ရပြီ ရပြီ"

"မန္တလာမင်း ၊ ည ၈ခွဲကားတဲ့"

မြူနှင်း အ​ပျော်​လွန်​ပြီး ဆုမွန်​ကိုဖက်​ထားလိုက်​မိသည်​။

"ဆုမွန်​ရယ်​ နင့်​ကိုချစ်​လိုက်​တာ"

ထိုအချိန်​သည်​ ည​နေ ၅နာရီထိုး​နေပြီဖြစ်​သည်​။
၆နာရီဆို အ​ဆောင်​ပိတ်​မည်​ဖြစ်​၍ အမြန်​အ​ဆောင်​မှထွက်​ရသည်​။ မြူနှင်း မှာ အဝတ်​အစား​တောင်​မလဲနိုင်​​ကျောင်းဝတ်​စုံ အဖြူအပြာအတိုင်းပင်​။

Girl With Philophobia (completed) Onde histórias criam vida. Descubra agora