မြူနှင်း ​အော်​ရယ်​လိုက်​မိသည်​။
ရူးသွားရင်​လည်း​ကောင်းသား..
အကုန်​လုံးကို​မေ့ပြီး ရူးသွားရင်​​ကောင်းမှာ။
ဟိန်းမြတ်​ကိုလည်းမသိ​တော့ဘူး၊ ဘုန်း​ဝေကိုလည်းမသိ​တော့ဘူး။

နားကြပ်​မှတဆင့်​ နားထဲတိုးဝင်​လာ​သော သီချင်းကလည်း

"တ​ယောက်​တည်းမရပ်​တည်​ချင်​ပါ နင်​မရှိ​တော့
ငါတို့အသက်​ရှင်​​နေတာ ​ဝေးဖို့မဟုတ်
အတူ​ပျော်​ခဲ့ကြတဲ့ အချိန်​နာရီ​တွေ ​မေ့နိုင်​မလား

နှုတ်​ဆက်​ ဒီမျက်​ရည်​မိုး​တွေကြား
ငါ့အတွက်​နာကျင်​​နေ အလွမ်းများ
နောက်​ထပ်​မ​တွေ့နိုင်​နင့်​အပြုံးမှာ
ငါရူး​နေပြီကွာ

မေ့လိုက်​ အဓိပ္ပါယ်​ မရှိတဲ့စကား 
ရှေ့ဆက်​ဟန်​​ဆောင်​​နေဦးမလား
ငါတို့မုန်း​နေတာလား​ပြောပါ "

မြူနှင်း နားကြပ်​ကိုဆွဲချွတ်​လိုက်​ပြီး အခန်း​ထောင့်​သို့ပစ်​​ပေါက်​လိုက်​သည်​။

*********************************

ဘုန်း​ဝေ မျက်​နှာကြက်​ကိုစိုက်​ကြည့်​​နေမိသည်​။
ထုံးစံအတိုင်း အိမ်​က​တော့ ​ခြောက်​ကပ်​တိတ်​ဆိတ်​လျက်​၊ မီးပိတ်​ထား​သော်​လည်း ပြတင်း​ပေါက်​ မှတဆင့်​ လ​ရောင်​ကဖြာကျ​နေသည်​။
နာရီလက်​တံက ၂ ကိုညွှန်​ပြ​နေ​လေပြီ။ ထိုစဉ်​ ​ခွေးအူသံများ​ပေါ်ထွက်​လာသည်​။

ဒီလိုအချိန်​ဆို ဂျပုမ​လေးကို သရဲအ​ကြောင်း​ပြော၍ စ​နေကြ။ ​ကြောက်​တတ်​လိုက်​တာလည်းလွန်​​ရော။ သူ​ကြောက်​သွားပြီဆိုရင်​ ဖုန်းဆက်​ပြီး ပြနမ​ချော့ရပြန်​​ရော။ တခါတ​လေ သူ့ကိုလွမ်း​နေရင်​ သရဲအ​ကြောင်း​ပြော၍ စဖြစ်​သည်​။ ဒါမှ အသံ​လေးကြားရမှာကိုး။

ထို​ကောင်​မ​လေးက အ​ကောင်​​သေးသ​လောက်
အဆိပ်​ပြင်း​သော ​မြွေ​ပွေးမ​လေး။
လူတစ်​​ယောက်​ နှလုံးသား ကို ကိုယ်​ချင်းမစာမနာ
ကစားရက်​နိုင်​သည်​။ သူ့ကိုယ့်​ကိုချစ်​​နေသည်​ဟု
လုံးဝယူဆထားကာမှ ​မျှော်​လင့်​ချက်​ ကို ရိုက်​ချိုးရက်​သည်​။

သူအဲ့​လောက်​ရက်​စက်​ဖို့မ​ကောင်း။
ကိုယ်​ချင်းစာ ဖို့​ကောင်းပါတယ်​။ သူ အသည်းကွဲရတိုင်း သူများအသည်း​တွေကိုပါ ခွဲဖို့ ကြံစည်​ထား​လေ​ရော့သလား။
ကြောက်​ဖို့​ကောင်းလိုက်​တာ၊
မုန်းဖို့​ကောင်းလိုက်​တာ၊ သူ့ကို အဲ့​လောက်​ အဆိပ်​ပြင်းမယ်​မှန်း မထင်​ထားမိဘူး။

သူ့ဘက်​က​တောင်​အဲ့လိုဆိုမှ​တော့ကျွန်​​တော့ဘက်​ကလည်း သံ​ယောဇဉ်​ မထားချင်​​တော့။
ကျွန်​​တော်​ဆိုတာလည်း အချစ်​နဲ့ပတ်​သက်​ပြီး သိပ်​ခံစားတတ်​တဲ့​ကောင်​မှ မဟုတ်​တာ။

သူ့ထက်​​ချောတဲ့မိန်းက​လေး​တွေ ၊ သူ့ထက်​ ချစ်​ဖို့​ကောင်းတဲ့မိန်းက​လေး​တွေ ၊ သူ့ထက်​အရပ်​ရှည်​တဲ့ မိန်းက​လေး​တွေ ၊ သူ့ထက်​​တော်​တဲ့မိန်းက​လေး​တွေ ရှိသားပဲ။ ရန်​ကုန်​မှာလည်း အ​ချော​တွေချည်းပဲကို။

ဒါ​ပေမယ့်​ သူတို့က မြူနှင်း​ဝေ မှမဟုတ်​တာ​လေ။

နာရီလက်​တံ က ၃ ကို ညွှန်​ပြ​နေပြီ၊ ခုထက်​ထိအိပ်​မရ​သေး။ သူ့ရဲ့ ခိုကိုးရာမဲ့မျက်​ဝန်း​တွေကိုပဲ ပြန်​မြင်​​ယောင်​​နေမိသည်​။ ​ယောက်ျား​လေး​တွေလည်း မိန်းက​လေး တစ်​​ယောက်​ကို နင့်​​နေ​အောင်​ ချစ်​တတ်​ပါတယ်​ကွာ။

လိုင်းဖွင့်​လိုက်​ပြီးကြည့်​မိ​တော့ သူ​လေးက active now ၊ သူ့​ကောင်​ ဟိန်းမြတ်​သူနဲ့ သာယာ​နေမှာ​ပေါ့။ အဲ့လို​တွေးမိ​တော့ ရင်​ထဲနာသွားသည်​။

မနက်​၄နာရီအထိ မီးစိမ်း​နေတုန်း။

ထို​နေ့ညက သူတို့နှစ်​​ယောက်​ တစ်​​ယောက်​active now တစ်​​ယောက်​ထိုင်​ကြည့်​​နေကြ​လေသည်​။

(A/N : ဆိုက်​ကို နှစ်​​ယောက်​​တွေ့ကြ​သောအခါဝယ်​😅)

Girl With Philophobia (completed) Where stories live. Discover now