သူလှမ်း​ပေးလာ​သောစာအုပ်​တွင်​ တက်​ထား​သော နာမည်​ကိုကြည့်​လိုက်​​သောအခါ ကျွန်​​တော်
အရာရာနားလည်​သွားသည်​။

"မမြူနှင်း​ဝေ
Grade-11(A)"

သို့​သော်​ ထိုအချိန်​တွင်​ သူမက မတ်​တပ်​ရပ်ကာ ဖတ်​စာအုပ်​မပါသူအဖြစ်​ ဆရာမအဆူခံ​နေရပြီဖြစ်​သည်​။

အိမ်​ရှိစာအုပ်​စင်​ကိုရှင်း​နေရင်းမှ မြူနှင်း နာမည်​တပ်​ထား​သော ဆယ်​တန်း စကား​ပြေစာအုပ်​​လေးထွက်​လာသဖြင့်​ ဟိန်းမြတ်​​တွေးမိ​နေခြင်းဖြစ်​သည်​။

ပြီး​တော့ ဆယ်​တန်း​အောင်​စာရင်းထွက်​တဲ့​နေ့။
ညကတည်းက ​အ​ဆောင်​မှူး ဖုန်းဆက်​​ပြော၍ All D ပါမှန်းသိပြီးဖြစ်​​သော်​လည်း ​အောင်​စာရင်းစာရွက်​​ပေါ်မှ ကိုယ့်​နာမည်​ကိုယ်​ကြည့်​ချင်​​သေး၍
ကျောင်းသို့လာခဲ့သည်​။
ကျောင်းတွင်​ ​အောင်​စာရင်း​ကြည့်​သူများ ကြိတ်​ကြိတ်​​တိုး။ မနည်းတိုး​ဝှေ့ ပြီးကြည့်​ရသည်​။
ကျွန်​​တော့နာမည်​ကိုရှာ​နေဆဲတွင်

မောင်​ဟိန်းမြတ်​သူ (မြန်​မာ၊ အင်္ဂလိပ်​၊ သင်္ချာ ၊ ဓာတု၊ ရူပ၊ ဇီဝ) ဟူ​သော စာ​ကြောင်း​လေးကို​ထောက်​၍ ပြုံး​နေသူ ထို​ကောင်​မ​လေး ....မြူနှင်း​ဝေ။

သူ့နာမည်​က ကျွန်​​တော့​နာမည်​​၏ ​ရှေ့တစ်​ရွက်​တွင်​။

မမြူနှင်း​ဝေ (အင်္ဂလိပ်​၊ ဓာတု ၊ ရူပ ၊ ဇီဝ)

သူ 4D ပဲထွက်​တာကို ဝမ်းနည်းမ​နေပဲ ကျွန်​​တော့နာမည်​ကိုကြည့်​ကာပြုံး​နေသည်​တဲ့လား။
ဆရာမကြီးက သူ​ရော ကျွန်​​တော်​​ရောကို All D မှန်းထားခြင်းဖြစ်​ရာ သူလည်း သူ့ကိုယ်​သူ All D ဟု မှန်းထားပါလိမ့်​မည်​။ သူ့လို လူမျိုးအတွက်​ 4D ဆိုတာ အ​တော်ကိုနည်းပါသည်​။ ကျွန်​​တော့ပြိုင်​ဘက်​မို့ သူ့အရည်​အချင်းကို ကျွန်​​တော်​သိသည်​။ ကျွန်​​တော့ထက်​မသာရင်​​တောင်​ ကျွန်​​တော့ထက်​ညံ့သူမဟုတ်​​ချေ။

အမှတ်စာရင်းထွက်​လာ​သောအခါ သူနှင့်​ကျွန်​တော်​ ၉မှတ်​သာကွာသည်​။ ဂုဏ်​ထူးပါ​သော ဘာသာများတွင်​ အမှတ်​ ၉၀​ကျော်​(အင်္ဂလိပ်​ မှလွဲ၍) ရသည်​။ သူမညံ့ဘူးဆိုတာ ကျွန်​​တော်​သိသားပဲ။

အချစ်​ဆိုတာ ကိုယ်​မသိလိုက်​တဲ့ အချိန်​မှာ ကိုယ့်​ရင်​ထဲမှာ အမြစ်​တွယ်​​နေတာမျိုး။

ကျွန်​​တော်​ မချစ်​ပါဘူးလို့ တချိန်​လုံး​ထင်​​နေခဲ့တဲ့ မိန်းက​လေး ကို ကျွန်​​တော်​ ချစ်​​နေတယ်​လို့ သိလိုက်​တဲ့အချိန်​မှာ အဲ့ဒီမိန်းက​လေး က ကျွန်​​တော့​ဘေးမှာ မရှိ​တော့ဘူး။

ကျွန်​​တော်​ပြန်​ကြိုးစားခဲ့​ပေမယ့်​ ၊ စကား​တော့ပြန်​​ပြောဖြစ်​ကြ​ပေမယ့်​ သူ့ဘက်​က သူငယ်​ချင်းလိုပဲ
ပြန်​ဆက်​ဆံခဲ့တယ်​။ သူနဲ့ ဘုန်း​ဝေကို တတွဲတွဲ​တွေ့​နေရ​ပေမယ့်​ ရည်းစား​တွေမဟုတ်​ကြဘူးဆို​တော့ ​ပျော်​မိသည်​။ ကျွန်​​တော့မှာ ကြိုးစားခွင့်​ရှိ​သေးသည်​ပဲ။
သူက​ရော..
သူ ကျွန်​​တော်​မဟုတ်​တဲ့ တခြားတစ်​​ယောက်​ကို
ချစ်​သွား​လေပြီလား။

ကျောင်းသင်္ကြန်​ ​နေ့တုန်းက မြင်​ကွင်းကိုပြန်​မြင်​​နေမိသည်​။ ​ကျောခိုင်းထွက်​သွား​သော ဘုန်း​ဝေ နှင့်
ထိုင်​ငို​နေ​သော မြူနှင်း ။

Girl With Philophobia (completed) Where stories live. Discover now