Lisaနဲ့ Chaeyoungကတော့ သူ့ဘေးမှာ အမြဲ နှစ်သိမ့်ပေးနေတာပဲ။သူတို့ ပျော်အောင် ထားနေတာတောင် ရင်ထဲက ဟာတာတာဖြစ်ပြီး တစ်ဆစ်ဆစ်နာနေတဲ့ ခံစားချက်ကတော့ မပျောက်။

တစ်ခါက အရမ်းလွမ်းလို့ မွန်းကျပ်ပြီး သူအရူးလိုအော်ငိုတော့ Chaeyoungက သူ့ကို Jisooအခန်းထဲ တိတ်တိတ်လေး ခေါ်သွားပေးခဲ့ဖူးတယ်။ JiJiအခန်းထဲမှာ သူနဲ့အမှတ်တရတွေချည်း။ ဘယ်အချိန်ခိုးရိုက်ထားမှန်း မသိတဲ့ ပုံလေးတွေ။ ပထမဆုံးတွေ့တော့ ပေးခဲ့ဖူးတဲ့ သဲနာရီလေး။ သူတို့တူတူကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်လက်မှတ်ဖြစ်ပိုင်းတွေ။ နောက်ဆုံးlavenderလို့ နာမည်တပ်ထားတဲ့ မျိုးစေ့ဘူးလေး။

အမှန်အတိုင်းပြောရရင် သူတော်တော်ရုန်းကန်နေခဲ့ရပြီး အဲ့ဒီနေ့ အခန်းထဲမှာ Chaeyoungပြောတဲ့ စကားတွေကြောင့် ပြန်နလံထူလာနိုင်ခဲ့တာ။

Jisoo Unnieကလည်း Jenကို အရမ်းစိုးရိမ်နေတာ။ သူကိုယ်တိုင် မထားရက်နိုင်ဘဲ ထားခဲ့ရတာ။ Jenဆေးရုံတက်ရတဲ့သတင်းကြားပြီး Jisoo unnieကိုယ်တိုင်လည်း စိတ်ရောဂါ ဆရာဝန်နဲ့ ဆွေးနွေးခဲ့ရတာ။ Jenအဲ့လိုဖြစ်တာ သူ့ကြောင့်လို့ ခံစားလိုက်ရလို့လေ။ Jenကို ဒါတွေ မပြောပြချင်ပေမယ့် နှစ်ယောက်လုံး ခံစားနေရတာကို မကြည့်ရက်ဘူး။ ဘာပဲဖြစ်ဖြစ် Jenက ဒီမှာ အကောင်းဆုံးကြိုးစားပြီး ပျော်ပျော်နေပေးရမယ်လေ။ Chaeyoungပြောချင်တာ နားလည်တယ်မလား။

Unnieဘယ်မှာလဲမေးတော့ Chaeyoungခေါင်းခါသည်။ သူမဖြေနိုင်တဲ့ မေးခွန်းတဲ့လေ။

လွမ်းတယ် JiJi...

Chaeyoungကို တွေ့တိုင်းလွမ်းတယ်။

Lisaကို တွေတိုင်းလည်း လွမ်းတယ်။

Miyeon အပြေးလေ့ကျင်တာ မြင်တိုင်း လွမ်းသလို...

Nayeonတက္ကသိုလ်မှာ နာမည်ကြီးနေတဲ့အကြောင်း ကြားတော့လည်း လွမ်းတာပါပဲ။

အလွမ်းတွေက ဘောင်ခတ်လို့မရဘူး JiJiရဲ့...

အားကစားပွဲရာသီရောက်တော့ JiJiအပြေးလေ့ကျင့်နေမလား စဉ်းစားမိသေး။

မိုးတွေရွာတော့လည်း အိမ်အောက်မှာ လာစောင့်လို့ ဖျားသွားတဲ့ JiJiကို အဝေးက စိတ်ပူရသေး။ မိုးမိမခံပါနဲ့နော် အချစ်ဆုံးရယ်။

Referred PainWhere stories live. Discover now