Part 21

2.4K 138 5
                                    

ရာသီဥတုက အေးလိုက်တာ။ သူစောင်ပုံထဲကနေ မထချင်။ မနေ့ညက ဂျီဂျီနဲ့ တူတူအိပ်ခဲ့တာပဲ ဒါပေမယ့် သူ့နောက်ကျောဘက်မှာ လူရှိနေသလို မခံစားရ။ ဟာတာတာကြီး။ ဂျင်းနီ ကျောမလုံတာနဲ့ လှည့်ကြည့်လိုက်သည်။

'အမလေး အမေ့'

'လန့်လိုက်တာ Ji Ji ya...ဘာလို့ ထိုင်ကြည့်နေရတာလဲ'

'နောက်ကျောသေးသေးလေးက အူယားဖို့ကောင်းလို့'

'Unnieနော်။ လူကို ခြေဖျားလက်ဖျားတွေ အေးလာအောင် မစနဲ့။'

'အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်ပြီး စောင်ထဲက ထွက်မလာတာကို နွေးနေရမှာ မဟုတ်ဘူးလား babe'

'အေးတယ်ပဲ မသိဘူး'

Jennieနှုတ်ခမ်းလေးစူပြီး ပြောလာတဲ့ ကလေးကြောင့် သူမနေနိုင်တော့...အဲ့နှုတ်ခမ်းပါးလေးကို လှမ်းနမ်းလိုက်သည်။ ရုတ်တရတ်ဆိုတော့ Jennieပါးလေးတွေပါ ရဲလာတဲ့အထိ ရှက်သွားတာ။
.
.
'အားးးဘာလို့ ဆွဲလိမ်ရတာလဲ babe'

'နှုတ်ခမ်းမှာပဲ ရပ်တော့လို့ပြောတာ ဆွဲလိမ်တယ်ဆိုတာ။ ခဏနေ တခြားသူတွေ လာတော့မှာ။ မနက်စာ တူတူသွားစားကြမယ်ထင်တယ်။'

'လာသွားကြပေါ့ babeမနိုးသေးလို့ သူတို့ဟာသူတို့ သွားကြတယ်'

'အာ မနက်စာတော့ လွတ်ပါပြီ။ လူကို မနှိုးဘဲ ထိုင်ကြည့်နေရလား...နှိုးပါလားလို့'

'ကလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာကို ဘယ်လိုနှိုးရမလဲ '

'ခု မနက်စာလွတ်ပြီ...Ji Jiကြောင့်😭'

'အမလေး ရုပ်ကလေးကလည်း ကြည့်ပါဦး။ ငိုမဲ့မဲနဲ့'

'ဗိုက်ကဆာနေပြီ😭'

'အဲ့လို ဗိုက်ဆာမယ်မှန်းသိလို့ မမလေးNi Niအတွက် မနက်စာပြင်ထားပါတယ်ဗျား'

'အိပ်ရာပေါ်ကနေ စားပွဲဘက်ကို ပြောင်းခဲ့ မနက်စာ စားရအောင်'

ဗိုက်ဆာတယ်အော်နေပေမယ့် ပြောင်းခဲ့ဆိုတော့ အိပ်ရေးမက်တဲ့သူ အိပ်ရာပေါ်ကနေ ထမင်းစားပွဲဆီကို မထချင်။ စောင်ပုံထဲမှာပဲ ကွေးနေချင်သေးသည်လေ။

'မထလာသေးဘူးလား။ ဒီမှာ ပြင်ပြီးသွားပြီ'

'.........'

Referred PainWhere stories live. Discover now