Part 22

2.1K 137 3
                                    

Angelတွေက ဘယ်လို အဝတ်အစားမျိုး ဝတ်လေ့ရှိလဲ။
သူမြင်နေရတဲ့ angelကတော့ နက်ပြာရောင် ဆွယ်တာအင်္ကျီနဲ့ နွေးနွေးထွေးထွေးရှိနေလေရဲ့....
သူဘေးနားရောက်သွားတဲ့အချိန် သူ့ဖိနပ်ကြိုးကို သေချာချည်လို့....

ဒီနေ့ သူတို့ရဲ့ ပထဆုံး တရားဝင် dateလေ။👭

'Hi babe, ဒီနေ့ ဘယ်သွားကြမလဲ'

'ရောက်ပြီလား JiJi. ရုပ်ရှင်ကြည့်မယ်လေ'

'ဘာကားတွေ တင်နေလည်းတော့ မသိဘူး။'

'ဟိုရောက်မှ ဘာကားကြည့်မလဲ စဉ်းစားကြတာပေါ့'

'Babeကို ဟိုးအဝေးကြီးကတည်းက မြင်တော့ တွေးမိနေသေး၊ ဒီနေ့ ငါ့babeလေး shoulder offမဝတ်ဘဲ ဆွယ်တာနဲ့ပါလားလို့'

'ဒီလောက်အေးနေတာကို အဲ့လိုဝတ်ရင် အအေးပတ်မှာပေါ့ အရူးကြီးJi Jiရ'

'ဟားဟားဟား...'

'ဒီနေ့ babeချစ်စရာလေး....ခုနကတည်းက ကြည့်နေတာ ၊ ကလေးက အရမ်း ချစ်ဖို့ကောင်းတယ်လို့'

'အမြဲတမ်း ကြည့်နေပြီးတော့များ...JiJiအတန်းထဲကနေ လှမ်းကြည့်တာ သတိထားမိပါ့'

'အဲ့နေ့တွေထက် ဒီနေ့ ပိုလှနေတာ၊ babeက လူမှစစ်ရဲ့လား နတ်သမီးလားလို့ထိတွေးမိသွားတဲ့အထိ ကလေးက လှနေတာ'

Jennieရှက်ပြီး ခေါင်းငုံ့နေရုံသာ တတ်နိုင်တော့သည်။ တကယ်လည်း စကားတတ်တဲ့ Ji Ji...

ရုပ်ရှင်ရုံရောက်တော့ ကာတွန်းကား ကြည့်ကြသည်။ ဇာတ်ကား နာမည်က 'Co Co'
ဇာတ်လိုက်က မိသားစုလုပ်ငန်း ဖိနပ်ချုပ်တဲ့အထဲကမှ သီချင်းဆိုချင်သော ကောင်လေး။
အဲ့တာကလည်း သူ့အဖိုးရဲ့ ဂီတသွေးပါနေတာ။
ဒါပေမယ့် သူတို့အိမ်မှာ သီချင်းဆိုခွင့်မရှိ၊ သီချင်းကို အဘွားဖြစ်သူက ခါးခါးသီးသီး တားမြစ်ထာသည်။ အဲ့လို ဇာတ်လမ်းမျိုး...

Referred PainNơi câu chuyện tồn tại. Hãy khám phá bây giờ