"ဝေးးးLet's go"
ကားပေါ်မှာ တစ်ယောက်တစ်ပေါက်နဲ့ ဆူညံနေကြတာ။
ကားက၃နာရီကျော် မောင်းရမယ်ဆိုတော့ တစ်လမ်းလုံး ဆူနေကြမှာပဲ။"ကမ်းခြေရောက်ရင် BBQ Party လုပ်မယ်"
"ဂစ်တာတီးပြီး သီချင်းဆိုမယ်"
"Gameတွေဆော့မယ်"
သူတို့ အော်ဟစ်ပြီးပြောနေကြတာတွေကိုကြည့်ပြီး Jennieပါ ပျော်လာတယ်။ ဒါတောင် အတန်းထဲကသူတွေနဲ့ အရမ်းကြီးမရင်းနှီး။ သူတို့ပျော်နေတာကြည့်ရင်း အပျော်တွေ ကူးစက်ပြီး ပိုရင်းနှီးလာသလို။
"ဘောလုံးရော မကန်ကြဘူးလား" Jennieဝင်မေးလိုက်တော့ သူ့ကို ဝိုင်းရီကြသည်။
"Kim Jennieshiက ကန်တတ်လို့လား"
"မကန်တတ်ပါဘူး အားပေးမှာ"
"ဘောလုံးရောကန်မယ် အပြေးလည်းပြိုင်မယ်။ လက်ရွေးစင်ကြီးမပါတဲ့ ဒီအတန်းမှာ ဘယ်သူအပြေးအမြန်ဆုံးလဲ ပြိုင်ချင်တယ်ဆိုပြီး မဲတွေပေးထားကြတာ"
"ပျော်စရာကြီးဝေး"
.
.
.
"Jisoo sunbaenimနဲ့ Jennieနဲ့ ရင်းနှီးတယ်မလား""ဟင်"
ထိုင်ခုံနေရာတွေက မဲချပြီးထိုင်ရတော့ သူ့ဘေးမှာ ထိုငိနေတဲ့တစ်ယောက်မေးလာတော့ Jennieအံ့သြသွားတာ။"ကျောင်းလက်ရွေးစင်လို့ပြောတော့ Jisoo sunbaenimကို သတိရသွားလို့ပါ"
"ဪ"
"တူတူတွေ့ဖူးလို့လေ။ Kim Jennieshiကို အားကျနေတာ..."
အဲ့အချိန် ရှေ့က တစ်ယောက်က လှည့်ပြောလာသည်။
"Miyeonက Jisoo sunbaenimကို သဘောကျနေတာလေ""Sunbaeက ကြင်နာပြီး သဘောလည်းကောင်းတယ်လေ"
"Jennieshiရေ...Miyeonက Nayeon sunbaenimကို မကျော်နိုင်လို့။ ဟိုက သူ့သူငယ်ချင်းနား ကပ်လာသမျှကို အပြည့်အဝမောင်းထုတ်ထားတာ။ နောက်ပြီး Chae youngကလည်း သူ့Unnieကို နည်းနည်းမှ အထိမခံဘူး။ Jisoo sunbaeက သူ့အပိုင်မို့ ထိဖို့မကြိုးစားကြပါနဲ့တဲ့လေ။ အတန်းရှေ့မှာ အားလုံးသိအောင်ပြောထားတာနော်"
YOU ARE READING
Referred Pain
Fanfictionမူလနေရာ မဟုတ်ဘဲ တခြားနေရာမှာ ခံစားရတဲ့ နာကျင်မှုဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့ကလေးဟာ သူ့အတွက် တစ်ဆင့်ခံ ခံစားမှုပေါ့။ ကလေးရဲ့ မျက်နှာအမူအရာနဲ့ စိတ်အခြေအနေကိုလိုက်ပြီး ဒီနှလုံးသားက ခုန်နေရတာမို့... #Jensoo