အခန်းထဲပြန်ရောက်တဲ့ထိ Jennieဘာလုပ်ရမှန်းမသိ...
သူသဘောကျတဲ့ Unnieက သူ့ကို ချစ်တယ်တဲ့လေ...
ချစ်တယ်လို့ဝန်ခံသွားတဲ့ပုံကိုတော့ Jennieတကယ် သဘောမကျ...Englishစာသင်ချင်လို့ ချစ်တယ်ပြောလာတဲ့ unnieစကားက သူ့ခံစားချက်တွေကို ထိခိုက်စေသည်လေ...ဒီတိုင်းပဲ ချစ်တယ်ပြောလိုက်ပါတော့လား...ခုတော့ အလကားသက်သက် သူများစိတ်မကောင်းအောင်...နေ့ခင်းက ကိုယ်ကပဲ ပြောစေချင်လို့ပြောရသလို...
လူကို ဘယ်လိုကစားရမလဲ သိတဲ့သူကြီး...တကယ့် playerကြီး...လူလည်ကြီး...
ဒါပေမယ့် ခုအခြေအနေမှာတော့ lisaကို ရင်ဖွင့်ဖို့ လိုလေသည်။ တစ်ခုခုဆို သူ့မှာ lisaပဲရှိတာ...ပြီးတော့ Chaeyoung...Chaeyoungကတော့ lisaပြီးရင် သံယောဇဉ်တွယ်ရတဲ့သူ ရင်ဖွင့်လို့ရတဲ့သူဆိုပေမယ့် ခုချိန်ပြောရင်တော့ Jisoo unnieဘက်ကပဲ ဖြစ်နေမှာ သူသိသည်။
နောက်ဆုံး lisaကို ဖုန်းခေါ်လိုက်ရသည်။
"Hello...lisa"
"Onn...my Jen Jen...ပြော အချစ်ကလေး"
"ဒီည ငါ့ဆီ လာအိပ်လို့ရမလား"
Jennieက လာအိပ်ပါပြောလိုက်မှ အသံကို သတိထားမိသွားသည်ထင်...
"အသံက ဘယ်လိုဖြစ်နေတာလဲ...အခုလာခဲ့ပြီ...ဒါပဲ"
.
.
.
.
.
.
"ဘာဖြစ်ထားတာလဲ""lisa...စိတ်အေးအေးထားနော်"
"အေးပါ...ပြောစမ်းပါ...ပိုစိတ်ပူလာပြီ အဲ့လိုပြောလိုက်မှ"
"Jisoo unnieက ခုနလေးတင်မှ ပြောခဲတာ...ငါ့ကို ချစ်တယ်တဲ့"
"ဘာ...ဘာရယ်"
"ချစ်တယ်တဲ့ဆို"
"ဘယ်တုန်းကပြောတာလဲ"
"ခုနကမှပါဆို"
"ငိုလာတာလား"
"Inn..."
"စိတ်တိုလာလို့လား"
Jennieဆီမှာ jisoo unnieကို သဘောကျတဲ့ အရိပ်အရောင်တွေ စတွေ့ချိန်ကတည်းက မြင်နေရတာသတိထားမိပေမယ့် ဘာပဲဖြစ်ဖြစ်မေးရမယ့် စကားလေ...
YOU ARE READING
Referred Pain
Fanfictionမူလနေရာ မဟုတ်ဘဲ တခြားနေရာမှာ ခံစားရတဲ့ နာကျင်မှုဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့ကလေးဟာ သူ့အတွက် တစ်ဆင့်ခံ ခံစားမှုပေါ့။ ကလေးရဲ့ မျက်နှာအမူအရာနဲ့ စိတ်အခြေအနေကိုလိုက်ပြီး ဒီနှလုံးသားက ခုန်နေရတာမို့... #Jensoo