" ကိုကြီး သိရင်​လည်း​ပျော်​​နေ​တော့မှာပဲ.....
ပြန်​ကြ​တော့မှာလား...Chanyeol.....
Hun​လေးကို​သေချာဂရုစိုက်​.....ကဲ....
ကိုလတ်​သွား​တော့မယ်​​နော်​ Hun​လေး.....
ည​နေပိုင်းစားချင်​တာရှိရင်​ဖုန်းဆက်​လိုက်​​နော်​.... "

ပြောစရာရှိတာ​ပြောပြီး ဂျူတီဝင်​ရန်
ခပ်​သွက်​သွက်​ထွက်​သွား​သော ကိုလတ်​.....
မသွားခင်​ ဆံပင်​ကိုလက်​ဖြင့်​ဖွသွား​သေးသည်​....

" Hyung.....အဲ့တာဆို ကျွန်​​တော်​တို့လည်း
ပြန်​​တော့မယ်​​နော်​.....၀င်​စရာရှိလို့....
ည​နေမှအိမ်​မှာ​တွေ့မယ်​.... "

" အင်း..... "

တစ်​​ယောက်​လက်​တစ်​​ယောက်​ဆွဲကာထွက်​သွား​သော
Chanyeolနဲ့ Hun​လေးကိုကြည့်​ရင်း
စိတ်​ထဲ​လေးလံ​နေမိသလို ၀မ်းလည်းဝမ်းသာသည်​.....
သတ္တိရှိရှိ​တောင့်​ခံထားနိုင်​​သော Hun​လေးကိုလည်း
ချီးကျူးမိသည်​.....
စားပွဲ​ပေါ်မှ ဓာတ်​ပုံမှန်​​ဘောင်​​လေးကိုယူကြည့်​ရင်း
တစ်​စုံတစ်​ခုကိုခပ်​တိုးတိုး​ရေရွတ်​မိသည်​....

" တူမ​လေးတဲ့ Xingရဲ့.....ကျန်းကျန်းမာမာရှိ​နေတဲ့
တူမ​လေးကို ​သေချာ​စောင့်​​ရှောက်​​ပေး​နော်​..... "

မျက်​ရည်​အချို့လှိမ့်​ဆင်းကုန်​ကြသည်​......

.
.
.

ဆေးရုံကအပြန်​ ကုန်​တိုက်​ထဲသို့​ခေါ်လာ​သောChan...

" Chan.....ဘာဝယ်​မလို့လဲ "

" သမီး​လေးအတွက်​ ၀ယ်​စရာရှိတာ​တွေ
ဝယ်​​တော့မလို့​လေ.... "

" အယ်​....အ​စောကြီးရှိ​သေးတယ်​​လေ Chanရဲ့ "

" မသိဘူးကွာ.....ကိုယ်​အရမ်းဝယ်​ချင်​​နေပြီ....
ဒီ​နေ့ကို​စောင့်​​နေခဲ့တာ.... "

တကယ့်​ကိုက​လေးဆိုးကြီး Chan.....
က​လေး​လေးလိုဂျီကျ​နေ​သော Chanကို
သူခပ်​ပြုံးပြုံးပင်​ကြည့်​​နေမိသည်​......
ဒါသည်​လည်း နှလုံးသားထဲမှတ်​ထားရမည့်
အရာများထဲမှ တစ်​ခုပင်​.....

ဆိုင်​ခန်းအတွင်းရှိ ပစ္စည်းအကုန်​ယူမည်
လုပ်​​နေ​သော Chanကိုမနဲ​ဖျောင်းဖျ​နေရသည်​....

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now