💗 10. 💗

2.3K 200 10
                                    

Chan ရဲ့ကား​လေးမြင်​ကွင်းထဲက​ပျောက်​သွားမှ
အိမ်​ထဲဝင်​လာခဲ့သည်​။

" ပြန်​​ရောက်​ပါ..... "

ဧည့်​ခန့်​ထဲထိုင်​​နေ​သော အနှီနှစ်​​ကောင်​...

" မင်းတို့ဘာလာလုပ်​ကြတာလဲ။ "

မသိဘူး....ဘုကလန့်​တိုက်​မယ်​။

" ဘာလာလုပ်​ရမလဲ။ ငါ့ Fan Fan စီ
လာတာ​ပေါ့....​နော်​ Soo "

" ဟုတ်​တာ​ပေါ့။ ငါကလည်း ငါ့ကိုကို Jong စီ
လာတာမို့ ကိုယ့်​rs နဲ့ကိုယ်​​နေပါ...ဟွင့်​ "

ဒါသက်​သက်​ရန်​စတာ။ မျက်​​စောင်းကထိုးလိုက်​​သေး။
အမယ်​...သူတို့ကျ ငါ့အစ်​ကို​တွေနဲ့ လာပလူး​နေပြီး
ငါ date တာကိုလာစိတ်​​ကောက်​​နေတယ်​။
တွေ့ကြ​သေးတာ​ပေါ့။ Wu Sehun သည်
အ​ချေ​ကောင်​ဖြစ်​သည်​။ ဒင်းတို့ကိုမှမ​ချေရရင်
ငါ Sehun မဟုတ်​​တော့ဘူး။

" ကိုကြီး!! ကိုငယ်​​ရော...ပြန်​မလာ​သေးဘူးလား။ "

" ဟုတ်​တယ်​။ ပြန်​မ​ရောက်​​သေးတာ။ ဒါနဲ့ Hun​လေး
ပြန်​လာတာ​နောက်​ကျတယ်​​နော်​။ "

ဒီတစ်​ခါအံ့သြရသည်​မှာငါ​လေးဖြစ်​သည်​။
Surpriseတိုက်​သူ ကိုကြီး....

" အယ်​...ကိုကြီး ​နေ​တောင်​မ​၀င်​​သေးဘူး​လေ။ "

" ​အေး.....​နေ၀င်​ခါနီးပြီဆိုကတည်းက
တော်​​တော်​​နောက်​ကျ​နေပြီ "

Speechless ပါကိုကြီး​ရေ....
မူးများ​နေသလားပဲ....တခွီးခွီးနဲ့ရီ​နေ​သော
ချစ်​ရပါ​သော သတ်​​ဖော်​သတ်​ဖက်​နှစ်​​ယောက်​...

" ကြိတ်​ရီရင်းနဲ့ ​သေလည်း​သေသွားကြဦးမယ်​ "

ငါ​လေး အခန်းထဲမြန်​မြန်​​ရောက်​မှဖြစ်​မည်​။
မျက်​​စောင်း​တွေချည်း ပစ်​​ကျွေးကာ
လှေကားဆီ​လျှောက်​သွားလိုက်​သည်​။

" Hun​လေး! ပြန်​လာပြီလား။
ထမင်းစား​တော့မလား။ ပြင်​ခိုင်းလိုက်​မယ်​​လေ။ "

ထမင်းစားခန်းဘက်​မှထွက်​လာသူ ကိုလတ်​....
လက်​ထဲမှာလည်း မုန့်​ဗန်းကြီးကိုင်​လျက်​....
သူ့ဟာ​လေးစားဖို့များ ကိုယ်​တိုင်​၀င်​လုပ်​​နေတယ်​။
ပိုကိုပိုလွန်းပါတယ်​လို့သာ မဲ့ရွဲ့လိုက်​မိသည်​။

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now