💗 26. 💗

2.1K 181 24
                                    

Hun အိမ်​ပြန်​​နေရင်းကား​ပေါ်တွင်
ပြုံး​နေမိသည်​မှာဘယ်​နှကြိမ်​ရှိသည်​ပင်​မသိ။
သူ​ပျော်​သည်​။ ​ပြောမပြတတ်​​အောင်​ပင်​​ပျော်​သည်​။
ဝေး​နေရ​သော်​ညား အခုသူ့ဝမ်းထဲတွင်
Chanက​လေး​လေးရှိ​နေပြီဖြစ်​သည်​။
Chanကိုယ်​ပွား​လေးကိုသူ​စောင့်​​ရှောက်​ရင်း
Chanနှင့်​သူနီးမယ့်​​နေ့ရက်​တို့ကို
စောင့်​​မျှော်​​နေမည်​။

" ကားခဏရပ်​!!! "

" ဘာဖြစ်​လို့လဲ အစ်​ကို​လေး!!! "

" ဘာမှမဖြစ်​ဘူး!! ဟိုကငါး​ပေါင်​မုန့်​စားချင်​လို့
သွားဝယ်​​ပေးပါ။ ပူတာ​လေး​နော်​!!!
ပြီး​တော့များများဝယ်​ခဲ့!!! "

အံ့သြ​နေကြသည်​ကိုသိသည်​။
သို့​ပေမယ့်​ မတတ်​နိုင်​....ဗိုက်​ထဲကအ​ကောင်​​ပေါက်​​လေးက
စားချင်​သည်​ထင်​သည်​....တစ်​ခါမှမစားဘူးသည်​ကို
ကြည့်​​နေရင်း အရမ်းကိုစားချင်​လာသည်​။

ဧည့်​ခန်းထဲတွင် yihyun​လေးကို​ချော့​နေ​သော
Baekhyun နှင့်​ မုန့်​ထိုင်​စား​နေ​သော
Kyungsoo.....
သူတို့အနားတွင်​၀င်​ထိုင်​လိုက်​သည်​။
Yihyun​လေးကိုကြည့်​ရင်းလည်း​ပျော်​ရသည်​။
ဗိုက်​ပူ​နေ​သော Sooကိုကြည့်​ရင်းလည်း​ပျော်​ရသည်​။
သိပ်​မကြာခင်​အချိန်​အတွင်းသူသည်​လည်း
Sooကဲ့သို့ဗိုက်​ပူပူ​လေးဖြစ်​ကာ
Yihyun​လေးကဲ့သို့ချစ်​စရာ က​လေး​လေး
မွေး​တော့မည်​ဖြစ်​သည်​။
သူသည်​လည်း လှပ​သောမိသားစု​လေးရှိနိုင်​​တော့မည်​ဖြစ်​သည်​။

" စားကြဦးမလား!!! "

သူဝယ်​လာ​သောငါး​ပေါင်​မုန့်​များကိုတစ်​လှည့်
သူ့ကိုတစ်​လှည့်​ အံ့သြသလိုကြည့်​ကြသည်​။

" ဒါ​တွေအကုန်​ မင်းစားဖို့လား "

အံ့သြတကြီး​မေးလာ​သော baekhyun....

" ​အေး​လေ...မင်းအရင်​ငါတို့စားတုန်းက​တောင်
မ​ကောင်းတာကြီးစား​နေတယ်​ဆိုပြီး​ပြောခဲ့တာ​လေ "

" အခုကြိုက်​လို့စားတယ်​ဟာ!! ဘာဖြစ်​လဲ "

ပြောပြီးသည်​နှင့်​ မုန့်​ထုပ်​ကိုင်​ကာ
အ​ပေါ်ထပ်​ကို​ပြေးတက်​သွားလိုက်​သည်​။

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now