နွေးထွေးလွန်းသော နေရောင်ခြည်ကြောင့်
Hun မျက်လုံးများပွင့်လာသည်။
အိပ်ရာနိုးနေပြီဖြစ်သော်လည်း မထချင်သေး။အိပ်ရာဘေးမှဖုန်းလေးကိုယူကြည့်မိသည်။
ဖုန်းခေါ်ထားသည်မရှိသောကြောင့်
စိတ်ထဲတစ်မျိုးဖြစ်သွားသည်။ယခုဆိုလျှင် chan နှင့်သူနှင့်ချစ်သူသက်တမ်း
လေးလရှိနေပြီဖြစ်သည်။
ထိုလေးလအတွင်း chanကသူ့ကို
အရမ်းဂရုစိုက်သည်။ ချစ်သည်။
ကိုကြီးတို့သည် chanနှင့်
မပတ်သက်စေချင်သေးသော်လည်း
ဘာမှတော့မပြောကြ။ကိုကြီးတို့စိတ်ပူနေသည်မှာ
chanအဖေရဲ့လုပ်ငန်းများကြောင့်ဖြစ်သည်။
Chanကိုလည်း ထိုလုပ်ငန်းထဲ
ပါဝင်သွားမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။
Chan ကလည်း ကတိတည်သည်။
တရားမ၀င်လုပ်ငန်းများတွင် နည်းနည်းလေးတောင်
မပတ်သက်ခဲ့ပေ။ခုလည်းအလုပ်ကိစ္စနဲ့ ခရီးထွက်နေခြင်းဖြစ်သည်။
US ဘက်ဖြစ်၍ အချိန်အပြောင်းအလဲကြောင့်
Chanနှင့်ဖုန်းပြောရတာသိပ်အဆင်မပြေ။
အလုပ်ကိစ္စသွားနေရသူဖြစ်၍ အပူလဲမကပ်ချင်။
ကိုယ်ဖုန်းစခေါ်မည်ဆိုတော့လည်း
Chan အိပ်ရေးပျက်မည်ကိုစိုးရိမ်၍မခေါ်ဖြစ်။လွမ်းသည်။ ပြောမပြတတ်အောင်ကိုလွမ်းသည်။
ထိုစဉ် မြည်လာသောဖုန်းသံ....
အမြန်ကြည့်မိတော့ ❤Chan❤ဟူသော
စာလုံးလေးသည်အထင်းသား....
Answer call ကိုအမြန်နှိပ်မိသည်။" Hunလေး...... Morning!!!! "
အသံကြားလိုက်ရသည်နှင့် ကျဆင်းလာသော
မျက်ရည်တို့သည် ထိန်းချုပ်မရ။
ရှိုက်သံသဲ့သဲ့ ထွက်သွားသည်။" ဟင်....Hun! ငိုနေတာလား။
ဘာဖြစ်တာလဲ။ ဘယ်သူဘာလုပ်လို့လဲ။
မြန်မြန်ပြောပါ Hunရယ်.....
ကိုယ်စိတ်ပူလာပြီ။ "" ဟင့်.....ဘယ်သူမှ.....ဟင့်....
ဘာမှမလုပ်ဘူး....ဟင့်.....Chanကြောင့်....
ဟင့်....Chan ကိုလွမ်းလို့....အီး...ဟီး......
Hunကိုပစ်ထားတယ်။ ဖုန်းလည်းမဆက်ဘူး။
စိတ်ပုပ်ကြီး.....နေနိုင်လိုက်တာ....ကိုငယ်ရေ...
ကိုငယ့်သူငယ်ချင်းကHunကို
မချစ်တော့ဘူးနဲ့တူပါတယ်....အီး....ဟီး "
YOU ARE READING
A Love That's Impossible [ ChanHun OTP ] Completed
Fanfictionတစ်ယောက်သောသူကိုသာ တစ်ဘ၀လုံးစာအတွက် ပုံအောချစ်မိသွားသော်ညား........ Chanyeol × Sehun Yaoi Romance