'ပြီးတော့ရော...'

'ပြီးတော့....သမီး သူ့ကို သဘောကျတယ်။'

'................'

'................'
Jisoo unnieကို သဘောကျတယ်လို့ပြောပြီး ခဏတိတ်ဆိတ်သွားပေမယ့် အဖိုးကပဲ တိတ်ဆိတ်မှုကို ဖြိုခွဲပြီး စကားစပြောတယ်။

'အဖိုးရှိနေမယ့် ဒီတစ်လထဲ အိမ်ကို အလည်ခေါ်ခဲ့ပါဦး တွေ့ကြည့်ရအောင်'

'Nae'

'သွားနားတော့...'

'Nae ဟာရာဘိုဂျီး'

အဖိုးက ပြတ်သားတယ်ဆိုပေမယ့် Jennieကိုတော့ အလိုလိုက်တာ Jennieသိသည်။ Appaကလည်း အားကိုးရတဲ့သားဆိုတော့ သားအချစ် မြေးအနှစ်ဆိုသလိုပဲ သူ့ကို ပုံချစ်ထားတာ။

Ommaကိုယ်ဝန်ဆောင်တော့ အဖိုးက မြေးယောက်ျားလေး လိုချင်ခဲ့ပေမယ့် မိန်းကလေးဖြစ်နေတော့  Oppa Jung Hoကို မွေးစားလိုက်တာ။ပြီးတော့ Oppa Jung Hoက အဖိုးရဲ့သားအကြီး(Jennieဦးလေး)နဲ့ ယူမယ့်သူက မွေးထားတဲ့သား။ (ရှုပ်သွားလားမသိဘူး)

ဦးလေးငယ်ငယ်က မိန်းကလေးတစ်ယောက်ကို အရမ်းချစ်ခဲ့ရတာတဲ့။ အဖိုးဆီက စိတ်ဆိုးခံရပြီး နယ်မြို့လေးကို ရောက်နေတဲ့အချိန် အဲ့မိန်းကလေးကို တွေ့ခဲ့တာ။သူတွေ့တဲ့အချိန် အဲ့မိန်းကလေးက single motherဖြစ်မှာဆိုတော့ သူတာဝန်ယူဖို့ဆုံးဖြတ်လိုက်တာ။ ဒါပေမယ့် Oppa Jung Hoကို မွေးပြီး အဲ့မိန်းကလေးဆုံးသွားခဲ့တယ်။ ဦးလေးက အရမ်းချစ်တဲ့အမျိုးသမီးက မွေးခဲ့တဲ့ကလေးမို့ အဖိုးက Oppaကိုမွေးစားပေးခဲ့တယ်။ဒါပေမယ့် Oppa Jung Hoက ဦးလေးကိုပဲ အဖေလို့ခေါ်တာ။ သားအနေနဲ့ မွေးစားထားတဲ့အဖိုးကိုတော့ အဖိုးလို့ပဲ ခေါ်တယ်။

Oppaကို မွေးစားလိုက်တယ်ဆိုပေမယ့် သွေးက စကားပြောလို့လားတော့ မသိ၊ အဖိုး Jennieကို သိပ်ချစ်တာ အားလုံးလက်ခံကြရတဲ့အထိ။ဒါပေမယ့် ဦးလေးကတော့ Oppa Jung Hoကို သိပ်ချစ်သည်။

တစ်ခါတစ်ရံ ဦးလေးလို လူဆိုးလိုပေပေတေတေနေတဲ့သူမှာ ချစ်တတ်တဲ့ နှလုံးသားရှိပါလားလို့ အံ့သြယူရလောက်တဲ့အထိ Oppaကို ချစ်တာ။ ဟုတ်တယ် ဦးလေးက သူ့အမြင်မှာတော့ တကယ့်လူဆိုး။ ဘာလို့လဲဆို ဦးလေးက နာမည်ကြီးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင် ဖြစ်နေလို့လေ။

Referred PainWhere stories live. Discover now