အခန်း ၅ : သူတကယ့်ကို အိပ်ပျော်နေတာပဲ
22.6K 2.2K 8
ရွှီရီ ပုန်းနေရင်းဖြင့် : "!!!"
Peo......Peony ပန်းပွင့်!!!
သေစမ်း ! ဒီမိန်းမ ဒီနေ့ လုံးဝ တစ်မျိုးပဲ။ 
ဆေးများ မှားသောက်ထားတာလား?
ငါတို့ သူဌေးကို ဘယ်လိုတောင် ပန်းနဲ့ နှိုင်းရဲရတာလဲ?!
ယောက်ျားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင်တောင် ဘော့စ်က ခန့်ညားလွန်းလှတဲ့ဟာ။ သူ တကယ် ကြည့်ကောင်းလွန်းတယ် ဆိုပေမယ့်လည်း သူ့ကို ကောင်းကောင်းသိတဲ့သူတိုင်း ကြောက်စရာကောင်းတဲ့သူမှန်း သိကြပါတယ်ဗျာ ။
ရွှီရီ သူ့သူဌေးကို မသိမသာလေး လှမ်းကြည့်လိုက်သည်။ သို့သော် ကံမကောင်းစွာနဲ့ ဒီမှောင်မိုက်နေသည့် မျက်လုံးတို့မှ ခံစားချက်တို့ကို ရှာဖွေ၍ မရခဲ့ချေ။
သူဌေးများ...... စိတ်ဆိုးနေပြီလား၊ ဒါမှမဟုတ် စိတ်မဆိုးဘူးလား?
ဂူရွဲ့ကျီ။ သူ့ရှေ့မှ မိန်းကလေးကို ကြည့်လိုက်သည်။ ဤမိန်းကလေးက အမုန်းတရားတို့နှင့် ပြည့်နှက်နေပြီး သူ့အားပင် အင်မတိအင်မတန် ရက်ရက်စက်စက် ပြောခဲ့၏။ နောက်ဆုံးတော့ သူ စိတ်မရှည်နိုင်တော့။
" ကောင်းပြီ......... ကောင်းပြီ! မင်းက အသိမှ မ၀င်သေးဘဲ ။ ဒီနေ့ ငါနဲ့မလိုက်မိလို့ နောက်အချိန် နောင်တရလာမှ ငါ့ကို အပြစ်လာမတင်နဲ့။ ရီဝမ်ဝမ် ၊
ငါ မင်းကို ကူညီဖို့ အကောင်းဆုံး ကြိုးစားပြီးပြီ! "
ဂူရွဲ့ကျီ နောက်ဆုံး ထွက်သွားတော့မှ
ရီဝမ်ဝမ် စိတ်သက်သာရာ ရသွားတော့သည်။
အရင်ဘ၀အတိုင်းသာ ဆက်လုပ်မိခဲ့ရင် စီရီဟန်နှင့် ငါလေး ရင်ဆိုင်ရတော့မှာပေါ့ ။ ခုတော့ ဒီတစ်ခေါက်မှာ ငါ့ရဲ့ ဘ၀ကို ပြောင်းလဲပစ်နိုင်ခဲ့ပြီ!
ဂူရွဲ့ကျီလည်း ထွက်သွားပြီဆိုတော့ ... စီရီဟန်....
အင်း.... သူ ဘယ်ချိန် ထွက်သွားလိုက်ပါလိမ့်?
ငါလေး စာမေးပွဲ အောင်သွားပြီလား?
စီရီဟန်၏ စိတ်အခြေအနေသည် မှန်းဆရခက်၏။ ထို့ကြောင့် ရီဝမ်ဝမ် သတိလက်လွတ် မလုပ်ရဲချေ။ သူမ၏ ခံစားချက်တို့ ထုတ်ဖယ်လိုက်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့၏။