'Appa ဖြေးဖြေးမောင်းနော်'

'Appa...Chaeတို့ သွားပြီနော်'

Appaသွားတော့မှ Unnieကို သေချာမှာရသည်။ သူလည်း စိတ်ပူနေတာ။ နေမကောင်းရင် ပုံလဲကျတတ်တဲ့သူမို့။

'Unnie'

'အော ပြောလေ'

'တစ်ချိန်ပြီးတိုင်း အဆင်ပြေလား စာပို့'

'Wae ဘာလို့ ပို့ရမှာလဲ အဆင်ပြေပါတယ်ဆို'

'Unnieအကြောင်းသိတယ် ပို့ဆိုပို့ပါ'

'အင်း အင်း ပို့မယ် ပို့မယ်။ ဒါနဲ့ NiNiကို ဖျားနေတာလို့ မပြောနဲ့နော်။ အလကားနေရင်း စိတ်ပူနေလိမ့်မယ်'

'တစ်ချိန်ပြီးတိုင်းသာ နေကောင်းမကောင်းစာပို့ပါ။ မပြောဘူး အဲ့လိုဆို'

'အင်း။ ဒီနေ့တော့ အတန်းရှေ့ လိုက်မပို့တော့ဘူးနော်။ ကိုယ့်ဟာကိုယ် သွားရဲပြီမလား'

'လူကြီးတွေ စိတ်ပူလို့ရယ်ပါ ။ ကိုယ့်ဟာကိုယ် သွားတတ်ပါ့'

'အဲ့တာဆို သွားပြီနော်'
.
.
.
'ဟေ့ Chaeyoung ဘာလို့ ဒီနေ့ တူတူမသွားဘူးလို့ စာပို့ခဲ့တာလဲ'

ပုံမှန်တူတူလာနေကျ ဖြစ်နေပြီဆိုတော့ Lisaက အတန်းထဲ ဝင်လာတော့ စီးပြီး ရန်လုပ်သည်။

'Appaက လမ်းကြုံလိုက်ပို့မယ်ဆိုလို့ပါ'

'Appa?'

'ဪ Jennie Appaကို ပြောတာ'

သူပြောလိုက်တာကို နှစ်ယောက်လုံး နားမလည်ကြ။ Jennie Appaဆိုတော့ ကြောင်သွားကြသည်။

'Jisoo Unnie Appaက Jennie Appaပဲပေါ့'

Chaeyoungအဲ့လိုပြောလိုက်တော့ Jennieရှက်သွားတာကို တွေ့လိုက်တယ်။ ဟုတ်တယ်လေ ချစ်သူရဲ့အဖေက သူ့အဖေပဲပေါ့ ။ ခုမတော်ရသေးတောင် နောက်တော်ရမှာဆိုတော့ အကျင့်ရအောင် ပြောပေးမှလေ။

'အဲ့တာဆို Unnieရော ကျောင်းရောက်နေပြီပေါ့။'

'ရောက်နေပြီရယ်'

သူတို့ ပြောနေရင်း Jennieဆီ စာဝင်လာသည်။ ဘယ်သူရှိမလဲ သူ့အချစ်တုံးကြီး Unnieပဲနေမှာပေါ့။
ရုပ်ကို ကြည့်လိုက်တာနဲ့တင် Unnieဆီကမှန်း သိသာပါတယ်။ သူ့ရဲ့ Gummy smileကို မြင်နေရတာကိုး...
.
.
.
မနက်ပိုင်းက အဆင်ပြေပြေနဲ့ ပြီးသွားတယ်။
နေလို့ အဆင်ပြေကြောင်း စာတွေရနေတယ်ဆိုတော့ စိတ်အေးရတာပေါ့။

Referred PainWhere stories live. Discover now