အခန်း ၄ : Peony ပန်းအောက်တွင် သေဆုးုံခြင်း
Start bij het begin
ဘော့စ် ဒေါသပေါက်ကွဲပြီဆိုတာနဲ့
သူတို့တွေ လှိမ့်ခံ နေရတာချည်းပဲ။
ဒီမိန်းမက စီရီဟန်ကို ရန်စဖို့တော့ အရည်အချင်းရှိသား။
ဒီတစ်ကြိမ်တော့ ဘော့စ်ရဲ့ဒေါသက မြို့တော်တစ်ခုလုံး ကိုတောင် လောင်ကျွမ်းသွားစေလိမ့်မှာတော့ ကျိန်းသေပေါက်ပဲ။
ရွှီရီ မျက်လုံးတို့အား ပိတ်ထားလိုက်သည်။ ဘာဆက်ဖြစ်မလဲဆိုသည်ကို သူ မကြည့်ဘဲနဲ့တောင် သိနေပေပြီ။
ရီဝမ်ဝမ် တုပ်တုပ်ပင် မလှုပ်သေးသောအခါ
ဂူရွဲ့ကျီ စိတ်မရှည်တော့။
သူမကို ဆွဲခေါ်သွားရန် ရည်ရွယ်ကာ
သူမလက်မောင်းအား ကိုင်ရန်အလို့ငှာ
သူ ရှေ့တစ်လှမ်းတိုးလိုက်၏။
သို့သော် ချက်ချင်းပင် သူ့၏ အထိကို ရှောင်ကာ
ရီဝမ်ဝမ် အနောက်သို့ဆုတ်လိုက်၏။
"၀မ်ဝမ်? "
ဂူရွဲ့ကျီ မှင်သက်သွားမိသည်။
ရီဝမ်ဝမ် အေးစက်စွာ ပြန်ဖြေလိုက်၏။
"ဂူရွဲ့ကျီ၊ ကျွန်မ ရှင်နဲ့ ထွက်သွားချင်တယ်လို့များ ပြောခဲ့မိလို့လား"
ဂူရွဲ့ကျီ၊ သူမကို သနားစရာကောင်းသည်ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"၀မ်ဝမ်၊ စီရီဟန်က မင်းကို အရုပ်လို ကစားနေတာ။ ငါ့ဆီပြန်လာနိုင်ဖို့ကို မင်းဘာကြောင့်များ ကိုယ့်ကိုယ်ကို အနာခံနေရတာလဲ"
ဒီရီဝမ်ဝမ် ဆိုတာက ခေါင်းအစခြေအဆုံး သူ့အတွက်ပဲ ဆိုတာ သူသိတာပေါ့။ အမြဲ အလောင်းအစားတောင် လုပ်ခဲ့ဖူး၏။
ထို့ကြောင့်ပင် ဂူရွဲ့ကျီ ထင်မိခဲ့၏။ သူမသည် တမင်သပ်သပ် သူ၏ အာရုံစိုက်ခြင်းရယူနိုင်ရန် ကြိုးစားနေခြင်းမျှသာဟု။
"ကိုယ့်ကိုယ်ကို အနာခံတာလား?"
ရီဝမ်ဝမ် ပြက်လုံးတစ်ခု ကြားလိုက်ရသဖွယ် ရယ်လိုက်၏။
သူမစုတ်သပ်ပြီး ပြောလိုက်သည်။
"စီရီဟန်က ရှင့်ထက် ပိုချမ်းသာတယ်။ ရှင့်ထက် ပိုပြီး အင်အားတောင့်တယ်။ ရှင့်ထက် အဆင့်အတန်းလည်း ပိုမြင့်တယ်။ ရှင့်ထက် ခန္ဓာကိုယ်လည်း ပိုတောင့်တယ်။ သူနဲ့တစ်ခါအိပ်ရတာက ရှင်နဲ့တစ်သက်လုံး အတူနေရတာထက်တောင် ပိုကောင်းသေးတယ်။ ဒီလိုစကားမျိုးကို ရှင် ဘယ်လို ယုံကြည်ချက်နဲ့များ ပြောထွက်ရဲတာလဲ"