Ep _ 19

917 127 8
                                    

နောက်ဆုံးအနေနှင့် Baekhyun ဆုံးဖြတ်ချက်တစ်ခုကို အချိန်တိုတိုလေးအတွင်းမှာ အခြေအနေအားလုံးပေါ်မူတည်၍
ချနိုင်ခဲ့သည် ...

ဒီဆုံးဖြတ်ချက်အတွက် Chanyeol ရဲ့စကားလုံးတွေနဲ့ Chanyeol အမေရဲ့စကားလုံးတွေက အဓိကအထောက်အပံ့တွေဖြစ်ခဲ့သည် ...

Baekhyun အဝတ်များကို ခေါက်သိမ်းကာအိတ်ထဲသို့
ထည့်နေသည်ကို Kyungsoo ဘေးမှမမှိတ်မသုန်ကြည့်နေမိသည် ...

" KyungSoo ... "

" ဟင် ... "

" အဲ့လိုကြီးမနေပါနဲ့ ... ငါ တကယ်
အ ဆင် ပြေ ပါ တယ် "

အဆင်ပြေပါတယ် ဆိုတဲ့စကားလုံးကိုတော့ Baekhyun ခေါင်းငုံ့ပြီးသာပြောထွက်ခဲ့သည် ...

တကယ်တော့ သူအဆင်မပြေပါ... Chanyeol ဆီမှလမ်းခွဲစကား
ကြားပြီးသည်မှစ၍ ဒီကြားထဲ Baekhyun တော်တော်လေးကို
ခံစားခဲ့ရပါသည် ... ခက်ခဲခဲ့ရသည်...

ဒါပေမယ့် သူ့ဘက်ကသာဒီလိုတွေ
ခက်ခဲနေခဲ့ပေမယ့် တစ်ယောက်သောသူကတော့ မင်္ဂလာကိစ္စတွေအတွက်တောင်
ပြင်ဆင်နေပြီဟုဆိုသည် ...

ရက်စက်သည်ဟုဆိုချင်ပေမယ့် ချစ်နေသေးသော သံယောဇဉ်မကုန်နိုင်သေးသော နှလုံးသားကအပြစ်မတင်ချင်ပြန် ...

ဒီဆုံးဖြတ်ချက်ကိုမချမီ Baekhyun နောက်ဆုံးသူ့ကိုသွားတွေ့ခဲ့သည် ...

သွားတွေ့ခဲ့သည်ဆိုရာ၌ သူ့ဘက်ကတစ်ဖတ်သက်ချောင်းမြောင်းခဲ့ရသည်ဆို ပိုမှန်ပေလိမ့်မည် ....

တကယ်ကို အဆင်ပြေနေခဲ့တာပဲလေ...

သူချစ်ရပါတယ်ဆိုတဲ့သူမနဲ့လက်ချင်း
ချိတ်လို့ မင်္ဂလာဆောင်အတွက်
ကြည်နူးရင်ခုန်စွာနဲ့ပြင်ဆင်နေကြသည်တဲ့လေ ...

ဟုတ်ပါတယ်လေ ... ကိုယ်ဂုဏ်ယူပေးရမှာပေါ့ ....

ကိုယ်ဆိုတာဒီလောကကြီးမှာရှိမယ်
မရှိဘူးဆိုတာသေချာတော့တာမှ
မဟုတ်တာလေ ....

အတွေးတို့က Baekhyun ပါးပြင်ထက်သို့မျက်ရည်များ
သယ်ဆောင်လာစေသည် ....

အရာရာအတွက် အရာအားလုံးကိုကျေးဇူးတင်ပါတယ် ...

မင်းကိုချစ်ခွင့်ရခဲ့ပြီး မင်းဆီကအချစ်တွေကိုခဏတာ
လက်ခံခွင့်ရခဲ့လို့ငါပျော်ပါတယ် ...

You've reached the end of published parts.

⏰ Last updated: Jan 08, 2019 ⏰

Add this story to your Library to get notified about new parts!

Love Betrayer Where stories live. Discover now