Ep - 8

2.7K 274 15
                                    

နှလုံးသားတစ်​စုံထပ်​တူကျချိန်​မှာ
ပျော်​ရွှင်​ကြည်​နူးမှု​တွေက အဆုံးမရှိ ....
သာယာမှု​​တွေချည်းပင်​ ....
နှလုံးသားတစ်​စုံထပ်​တူကျ​နေ​သော အချိန်​သည်​ အချစ်​တို့ဖြင့်​ ပြည့်​နှက်​​နေ​သော အချိန်​ပငြ်​ဖစ်​သည်​ ....

ဒီလိုအချိန်​​လေးဆုံးရှုံးသွားရမှာ
ချစ်​ရသူအားလုံး​ကြောက်​ကြသည်
ချည်းသာ ....

ဘယ်​လိုအချိန်​မျိုးမှာဆုံးရှုံးသွားနိုင်​သည်ဟုထင်သလဲဟုမေးလျှင် ...
နှလုံးသားတစ်​ခုကနှလုံးသား
တစ်​ခုအားစွန့်​ခွာ​သောအချိန်​သည်​ တစ်ခုတည်းသောအဖြေဖြစ်သည်  .....

*******Love Betryaer*******

လူခြေတိတ်စပြုလာပြီဖြစ်သော လမ်းသွယ်လေးတစ်ခု၌ သူ နှင့် ကျွန်တော်နှစ်ယောက်သား လက်ချင်းတွဲရင်းဖြည်းဖြည်းချင်း
လျှောက်လာမိသည် .... လမ်းမီးတိုင်များထိန်လင်းနေ၍ ကောင်းကင်တွင်လမင်းကြီးနှင့်အတူ သူ့အခြွေအရံကြယ်ကလေးများ
ရှိနေသည်မှလွဲ၍ဒီလမ်းကလေး၌
သူနှင့်ကျွန်တော်သာ ရှိသည် ...

နှစ်ယောက်သားအတူ မီးပန်းများဖောက် စကားများတစ်လှေကြီးဝအောင်ပြောပြီးသည့်နောက်မှပြန်လာခဲ့ခြင်း ဖြစ်တာကြောင့်အနည်းငယ်ခန့်
နောက်ကျသွားသည် ....

Baekhyun ကတော့ ပျော်နေပုံပင် ...

တစ်ယောက်တည်းကြိတ်ပြုံးနေရင်း တိတ်ဆိတ်နေသည် ...

" Baek ... "

" .... "

" ပျော်လား ? "

သူ ပျော်နေတာကိုသိပေမယ့်လည်း သူ့နှုတ်ခမ်းဖျားမှအဖြေကို
ကြားချင်တာကြောင့်အဖြေသိပြီးသား
အမေးတစ်ခုကိုမေးလိုက်
မိသည် ...

Baekhyun ကတော့ ထုံးစံအတိုင်း
အတောက်ပဆုံးသောအပြုံးတစ်ခုပါ ဆင်မြန်းရင်း ...

" အင်း ..... ပျော်တယ် ..
အဲ့လိုမျိုးတွေတစ်ခါမှမလုပ်ဖူးဘူး .... "

ပြောရင်းထပ်၍ပြုံးကာခေါင်းငုံ့သွား
ပြန်တော့ ဘာရယ်မဟုတ် ကျွန်တော်ပါ လိုက်ရယ်မိသည် ...

" ဒါနဲ့လေ .... "

သူ့ဘက်ကတစ်ဖန်စကားပြန်စလာတာ
ကြောင့်ကျွန်တော်သူ့ကိုကြည့်မိတော့
သူကကျွန်တော့်ကိုသေချာကြည့်ရင်း ...

Love Betrayer Where stories live. Discover now