Ep - 9

2.3K 233 2
                                    


ဘဝမှာတစ်​ကြိမ်​တစ်​ခါပဲ
အချစ်​ကိုတွေ့ရ​လေ့ရှိတယ်​ ....
အဲ့အချစ်​မှာ ငါရှူးသွပ်​ခဲ့တယ်​ ...
အဲ့ရှူးသွပ်​မှုကငါ့ကို
နာကျင်​​စေခဲ့တယ်​ ...
ဒါ​ပေမယ့်​ အဲ့နာကျင်​မှုမှာ
ငါ​ပျော်​တယ်​ ...

*******Love Betrayer*******

" ​နောက်​လ ? ခု​တောင်​ ဒီလကုန်​​တော့မယ်​ဆို​တော့ ​နောက်​ ဆယ်​ရက်​ဆယ့်​ငါးရက်​​နေရင်​​ပေါ့ ? "

" အင်း ... ဟုတ်​တယ်​ ..."

" ကိုယ်​လည်း လိုက်​မယ်​ ..."

Baekhyun အ​အေးခွက်​ကို Chanyeol ​ရှေ့ချလိုက်​ရင်း
မျက်​​စောင်းတစ်​ချက်​​ဝင့်​လိုက်​ကာ ....

" ဘာသာရပ်​အတွက်​ စာတမ်းပြုစုဖို့ excursion ပါဆို​နေ ... ​မေဂျာမတူပဲ
ဘယ်​လိုလုပ်​လိုက်​လို့ရမှာလဲ ? "

" ​အော်​ ... Baek တို့​နောက်​ ကိုယ့်​ဘာကိုယ်​ လိုက်​လာမှာ​ပေါ့ .... ဘာလဲ ကိုယ့်​ကိုမ​ခေါ်ချင်​လို့လား ​? "

" ဟုတ်​တယ်​ ... မ​ခေါ်ချင်​လို့ "

Baekhyun ပြုံးစိစိနှင့်​ပြန်​​ပြောလိုက်​သည်​ ...

" Aishhh .... မ​ခေါ်လည်းလိုက်​မှာပဲ "

Baek စ​နေသည်​မှန်းသိတာ​ကြောင့်​ Chanyeol လက်​တစ်​ဖက်​နှင့်​ Baek ဆံပင်​​လေးကို
လှမ်းဖွရင်းပြန်​​ဖြေလိုက်​သည် ​​.....

နောက်​​တော့ Baek ​ဖျော်​​ပေး​သော လိ​မ္မော်​ရည်​ကို ​မော့လိုက်​ရင်း ...

" ခရီးက ဘယ်​​လောက်​​လောက်​ကြာမှာလဲ ? "

" 2 ပါတ်​ 3 ပါတ်​​လောက်​ဖြစ်​မယ်​ထင်​တယ်​ ... ဒါနဲ့ ဒီ​နေ့ပင်​ပန်းလာတယ်​မလား ? ​စော​စောပြန်​ပြီး နား​တော့​လေ .. မိုးလည်းချုပ်​​နေပြီ "

Yeol မကြည်​ကြည့်​ ပြန်​ကြည့်​ရင်း ...

" Baek ကကွာ မဟုတ်​​တော့ဘူး ....
အတင်းနှင်​ထုတ်​နေတယ် ... "

Baek တစ်ချက်ရယ်လိုက်ရင်း​​​​​ ....

" Yeol ကလဲ .... Yeol ကိုစိတ်ပူလို့ပါဆို ​"

" ​တော်​ပါ .... အတင်း နှင်ရင် နှင်တယ်ေ​ပါ့ ... ခရီးလည်းမလိုက်ေ​​စချင်သလိုလို​ဘာလိုလိုနဲ့ "

Love Betrayer Where stories live. Discover now