Ep _ 13

2K 217 18
                                    

ငါ့ရဲ့အရာအားလုံးဟာ
မင်းဖြစ်​သွားတဲ့အချိန်​မှာ
မင်း ငါ့​ဘေးနားမရှိ​တော့ဘူး ...

******** Love Betrayer*******

လေဆိပ်​တွင်​ရောက်နေသည်မှာအတော်လေး
ကြာ​နေပြီဖြစ်​သည်​ ... ​လေယာဉ်​ဆိုက်​မည့်​အချိန်​ကိုအတိအကျသိထား​သော်​လည်း စိတ်​​လော​နေသည့်​မိဘနှစ်​ပါး​ကြောင့်​ အ​စော​ကြီး​ရောက်​​နေခြင်းပင်​ ....

Chanyeol စိတ်​များ​လေးလံစွာနှင့်​ခုံတစ်​ခုံတွင်​ဝင်​ထိုင်​​နေမိသည်​  .....
လက်​ထဲရှိကိုင်​ထား​သော ဖုန်းမှ တင်​ ကနဲ မြည်​သံနှင့်​အတူ Message တစ်​​စောင်​ဝင်​လာသည်​ .....

" Yeol ^^ သွားပြီ​နော်​ .... Saraghae 💝 လိုက်​ပို့မယ်​​တော့ထင်​ထားတာ လိုက်​လည်းမပို့ဘူး 😒 စိတ်​ဆိုးတယ်​: -P "

Message ​လေးေ​ကြာင့်​ Chanyeol ရယ်​လိုက်​မိပါသည်​ ... စိတ်​ဆိုးတယ်​​ပြော​ပေမယ့်​ တကယ်​စိတ်​မဆိုးဘူးဆိုတာ Chanyeol သိ​ပါသည်​  ...

Haeyeong တို့​လေယာဉ်​ဆိုက်​မည့်​ အချိန်​နှင့်​ Baekhyun တို့ခရီးထွက်​မည့်​အချိန်​က တစ်​ချိန်​တည်းဖြစ်​​နေတာ​ကြောင့်​ Baekhyun ကိုလိုက်​မပို့ဖြစ်​​တော့ ....

" စိတ်​ဆိုးတယ်​ဆို​တော့ Kiss အကြီးစားနဲ့​ချော့​ပေးမယ်​​လေ ... ​နောက်​နှစ်​ပါတ်​​နေရင်​ :-P 😘"

" သား​ရေ ..... "

Message ကို Sent ခလုတ်​ကိုနှိပ်​ပြီးသည်​နှင့်​ ​လေဆိပ်​အတွင်းမှ​လေယာဉ်​ဆိုက်​​ကြောင်း​ကြေညာသံထွက်​​ပေါ်လာ​လေသည်​ ....

မိခင်​ဖြစ်​သူ၏သတိ​ပေးသံ​ကြောင့်​ Chanyeol ဖုန်းကို ​ဘောင်းဘီအိတ်​ထဲပြန်​ထိုးထည့်​လိုက်​ရင်း Haeyeong တို့​ရောက်​လာ​တော့မည့်​ဂိတ်​​ပေါက်​ကိုလှမ်းကြည့်​မိသည်​ ....

မကြာခင်​သူ Haeyeong ကို​တွေ့ရ​တော့မည်​...

Haeyeong ​ရော ?

သူ့​လိုစိတ်​လှုပ်​ရှား​နေမည်​လား ?
သူ့နဲ့ပြန်​​တွေ့ရမည်​ကို​ပျော်​​နေမှာလား ?
သူတကယ်​ ပြန်​​တွေ့ချင်​​နေခဲ့တာလား ?
တွေ့လျှင်​​ရော သူတို့ဘာ​တွေ​ပြောဖြစ်​မလဲ ?
သူတို့အ​ခြေအ​နေ​တွေက​ရော ? ဘယ်
အ​ခြေအ​နေဘက်​ကိုပြန်​ဦးတည်​လာမှာလဲ ?

Love Betrayer Where stories live. Discover now