Zawgyi Version" နောက်တပတ် ရေတံခွန်တောင်တခုကို ကျောင်းရဲ့ လေ့လာရေးခရီးစဉ်အနေနဲ့ သွားရမယ် , တစ်ညအိပ်နှစ်ရက်ကြာမယ် အဲ့ဒီတော့ ဒီပိတ်ရက်မှာ လိုအပ်တာတွေ ပြင်ထားကျ "
" ဟုတ်ကဲ့ပါ "
ဆရာမကတော့ သြဝါဒခြွေတမ်းပြီးသွားသည်နှင့် အတန်းထဲမှထွက်သွားလေသည်။ ထို့နောက်မှတော့ ဆူညံသော စကားသံများက ဟိုနားတစု ဒီနားတစုဖြင့်။ ခရီးထွက်ရမည်ဆိုသဖြင့် တတ်ကြွနေသော ကျောင်းသူများနှင့် ကျောင်းမတတ်ရလျှင်ပြီးရော ပျော်နေကြသော ကျောင်းသားများမှာ လှုပ်လှုပ်ရွရွဖြင့် ဘာတွေယူသွားမည် ဘာဝတ်မည် အစရှိသဖြင့် တိုင်ပင်ကြတော့သည်။
" Jung Kook "
" အင်း Babe ပြော "
" ရေတံခွန်တောင်ဆိုတော့ ပျော်ဖို့ကောင်းမှာနော် "
" ကိုယ်ကတော့ Babe အိမ်မှာပိုပျော်တယ် "
" ခင်ဗျား ဘယ်တော့ ကိုယ့်အိမ်ကိုပြန်အိပ်မှာလဲ "
" ဘာလို့လဲ Babe က မကြိုက်ဘူးလား အန်တီကတော့ သဘောကျတဲ့ပုံပါပဲ "
" သဘောကျမှာပေါ့ ခင်ဗျားက Eomma နားကပ်ပြီး ပလီပလာတွေပြောနေတာကိုး "
" ဒါကတော့ကွာ … ယောက္ခမ ကြည်အောင်လို့ပါ Babe ကလဲ "
" ကျွန်တော့်အိမ်မှာ လာနေတာ တလကျော်နေပြီ ကြာရင် ခင်ဗျားနဲ့ ကျွန်တော် ညားနေတယ် ထင်ကုန်တော့မယ် "
" တကယ်လဲ ညားနေတာပဲလေ "
" Jeon Jung Kook !!! "
" ဟီး Babe ကလဲ အော်တာ … "
" အတူအိပ်ပေ့မဲ့ ကျွန်တော်တို့က ဘာမှဖြစ်သေးတာမဟုတ်ဘူးနော် , ပါးစပ်အရသာခံပြီးလျှောက်ပြောကြည့် သေအောင်သတ်မှာ "
" ကိုယ့်ယောက်ျားကိုနိုင်စားတယ်ကွာ "
" တော်ပြီ တော်ပြီ ဒီမှာတင်ရပ်တော့ "
ဗရုတ်သုတ်ခတွေ ဆက်ပြောတော့မှာသိ၍ စကားအမြန်ဖြတ်လိုက်ပြီး ထမင်းစားရန် ထွက်လာခဲ့ကြသည်။ Jeon Jung Kook ဟာလေ စကားပြောရင် မဟုတ်တာချည်းတွေ ပြောသူ။ အဲ့လိုလူမျိုးကို ချစ်မိသွားတဲ့ ကိုယ့် ကိုကိုယ်တောင် အံ့သြသည်။