Ep - 6

16K 1.7K 69
                                    

Zawgyi Version


" အန်တီရေ မနက်ဖြန် ပိတ်ရက်ဆိုတော့ ဒီနေ့ အိမ်လာအိပ်မယ် ရလား "

Jung Kook နဲ့ Eomma ပြောနေသံကြားသည်နှင့် မီးဖိုးချောင်ထဲမှ စားလက်စမုန့်ကို အမြန်သွပ်ရင်း ပြေးသွားမိလိုက်သည်။

" ဟာ ဘာလုပ်ဖို့ လာအိပ်မှာလဲ မရဘူး "

မုန့်အပြည့်ထည့်ထားသော ပါးစပ်ဖြင့် ဝူးဝူးဝါးဝါးအော်လိုက်သည်။

" ဟဲ့ … အဲ့ဒါ ဘာဖြစ်လာတာလဲ "

" သူ့ကို မအိပ်ခိုင်းနဲ့လို့ "

" သားရယ် … ဒီလောက်ရင်းနှီးတဲ့ သူငယ်ချင်းရှိတာ မကောင်းဘူးလား "

Jung Kook အိမ်လိုက်လာတဲ့နေ့မှစ၍ Eomma နဲ့ခင်သွားကာ နောက်နေ့များမှာ ကျောင်းသွားဖို့လာခေါ်လျှင် တရားဝင်အိမ်ထဲကစောင့်ခွင့်ရသွားလေသည်။

" သူက ကျွန်တော့်ဆို အရမ်းရှောင်တယ် သိလား အန်တီ "

" ဟုတ်လား Jung Kook လေးက ခင်ဖို့ကောင်းပါတယ် သားရယ် "

ဒီကောင်ကြီး လက်ရဲဇက်ရဲနိုင်တာ Eomma မှမသိဘဲကိုး။

" သိဘူး သိဘူး လာမအိပ်နဲ့နော် ပြောပြီးသား "

" ကဲပါ ကျောင်းနောက်ကျမယ် သွားကြတော့ "

Eomma ကပဲ စကားစဖြတ်ပေးလိုက်သည်။
အိမ်အပြင်ရောက်နေသည်နှင့် Jung Kook တယောက် Eomma ရှေ့မှာ မခုတ်တတ်တဲ့ကြောင်လို အမြီးကုတ်နေခဲ့သမျှ ခုတော့ ဟန်ဆောင်မျက်နှာဖုံးကြီးခွာချလိုက်သည့်နှယ်……

အတူလျှောက်နေတုန်း ရှေ့မှပိတ်ရပ်ကာ သူ့ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း

" Babe !! ကိုယ့်ကို ငြင်းတာများနေပြီနော် "

" ငြင်းမှာပဲလေ … ကျွန်တော့် အိပ်ရာက ကျဉ်းကျဉ်းလေး ခင်ဗျားလာအိပ်လို့ ဘယ်ရမလဲ "

" ကျဉ်းလဲဘာဖြစ်လဲ မဟုတ်လဲ ဖက်အိပ်ကြမှာဘဲကို "

" ဘယ်သူကဖက်အိပ်မှာတုန်း ဝေးသေး "

" ဟာ … Babe က လက်ရှိမှာ ကိုယ့်ချစ်သူနော် "

" ချစ်သူဖြစ်တာနဲ့ ဖက်အိပ်ရရောလားဗျ "

ကောင်လေးရဲ့ကောင်လေး (Completed)Dove le storie prendono vita. Scoprilo ora