Part-30 (Final Part)

3.6K 137 6
                                    

ဒီနေ့ဆိုရင်ဖြင့် Taeyeon နဲ့ Sica တို့ရဲ့မင်္ဂလာပွဲနေ့လေးပါ Sica Appa မျက်နှာမှာလဲပြုံးပန်းဝေနေတယ် အစီအစဉ်ကိုတင်ဆက်မယ့်သူတွေကတော့ Sica ရဲ့မောင်တဝမ်းကွဲ Yi Xing မှ

"Noona တို့ကိုခဏနေရင်ပွဲစတော့မယ်လို့ပြောပေးပါလား Jun"

Yi Xing မှ Suho ကိုပြောလိုက်တော့ Suho ကလဲခေါင်းလေးသာညိမ့်ပြလိုက်ပီးသူ့ဘေးတွင်ယောင်ချာချာလုပ်နေသော သူ့ညီမဖြစ်သူ Kim Yoon Young ကိုတဆင့်ပြန်ခိုင်းလိုက်သည်

"Yoon လေး Noona တို့ကိုသွားပြောလိုက်နော်"

"😒တဆင့်ပြန်ခိုင်းပြန်ပီ"

Yoon Young လဲသူ့အကိုကိုပွစိပွစိပြောပီးသတို့သမီးတွေအခန်းသို့ဝင်လာခဲ့သည် ပထမဆုံးအခန်းဖြစ်တဲ့ Sica ဆီကိုဝင်လိုက်သည်

"Sica Unnie ခဏနေရင်ပွဲစတော့မယ်တဲ့နော် အဆင့်သင့်ဖြစ်ပီလား"

ကျမစိတ်တွေလှုပ်ရှားနေတုံးအခန်းတံခါးကိုဖွင့်ကာခေါင်းလေးပြူပီးဝင်လာတဲ့ဟိုဆရာဝန်ပေါက်စနလေး

"Yoon Young ဒီကိုခဏလာအုံး"

ကျမကလက်ယက်ခေါ်လိုက်တော့

"ဟာ ဘာပြောမလို့လဲ Unnie ရာ Yoon Tae Unnie ကိုသွားပြောရအုံးမယ်"

"ခဏလေးလာစမ်းပါ ကလေးမရယ်😑😑"

"ဘာလဲ ပြောပြော"

ဆူဆောင့်ဆောင့်ဖြင့်သတို့သမီးဂါဝန်အရှည်ဝတ်၍ထိုင်နေသောကျမနားမှာလာရပ်လေသည်

"အင့် ဒါလေး Tae ကိုပေးပေးပါလား"

"ဘာများလဲ Unnie"

"ဟိတ် ကလေးမ လမ်းမှာဖောက်မဖတ်နဲ့နော် Tae ကိုဘဲပေးလိုက်ကြားလား"

"ခိုင်းလဲခိုင်းသေးတယ် Sica Unnie ကတော့လေ😑 သိတယ် သိတယ် ပေးပေးရင်ပီးရောမလား Yoon သွားတော့မယ် နောက်၁၅မိနစ်နေရင်ထွက်လာခဲ့နော်"

"အင်းပါ Appa လာခေါ်ရင်ထွက်လာခဲ့မယ်"

"ပီးရော ပီးရော Yoon သွားပီနော်"

ကျမပေးလိုက်တဲ့စာကိုယူပီးထွက်သွားတယ့်ဂါဝန်ပန်းရောင်နုနုလေးဖြင့်ချစ်စရာကောင်းနေတဲံ့ Yoon Young လေး ဒါကြောင့်လဲဟိုဆရာဝန် Park Chanyeol ဆိုသူကသည်းသည်းလှူပ်နေတာဖြစ်မယ်😂

I Need You[Complete]Where stories live. Discover now