Part-15

2.4K 157 8
                                    

Sica မသိလိုက်တာက Tae က ညကျရင်သူ့ကိုအောက်မှာထားမယ်ဆိုတာပါဘဲ

Jessica' Point of view

လေးလိုက်တာ ဝက်ပေါက်လေးကျနေတာဘဲ လူကောင်ကသေးသေးလေးရယ် ဘာလို့အဲ့လောက်တောင်လေးရတာလဲမသိဘူး လူကိုအသေများသတ်နေတာလားမသိဘူး ဓာတ်လှေကားကလဲမဆင်းခိုင်းဘူး လှေကားကဆင်းတဲ့ ဘယ်လိုကလေးလဲမသိဘူး တွေ့မယ် တွေ့မယ် ညကျမှ အဲ့ကလေး😒

Tae-"Sica လေးနေပီလား"

မေးတတ်ပါပီ့.....

Sica-"ဟင့်အင်း Tae ရယ် မလေးပါဘူး"

ဟုတ်တယ်လေ သူ့ရှေ့မှာလေးတယ်လို့သွားပြောကြည့်ပါလား တနေ့လုံးကောက်လို့ပီးမှာမဟုတ်တော့ဘူး ကိုယ်တွေလဲသူနဲ့ကျမှ Ice Princess image ပျက်တယ်😒

Tae-"ရပီ ရပီ ဒီမှာချတော့"

Sica-"မရောက်သေးဘူးလေ"

Tae-"လေးနေမှာစိုးလို့ ကိုယ့်ဘာသာလမ်းလျှောက်သွားတော့မယ်"

အလိုက်သိလေး အာ့တွေကြောင့်အချစ်တွေပိုနေရတာ

Sica-"မလေးပါဘူးဆို အဲ့လောက်တောင်ဆင်းချင်မှတော့ ဆင်းပါ Tae သဘော"

မူရသေးတယ်လေ

Tae-"အင်း"

ကလေးလိုလို ဘာလိုလိုနဲ့လူကိုလာဖက်နမ်းတယ်လေ ရွတ်ကနဲမြည်အောင် ဒါသက်သက်လူကိုမြူစွယ်တာ ပီးတော့လက်ကိုချိတ်ထားတာပြောမနေနဲ့ လက်တောင်ပြုတ်ထွက်မတက်ဘဲ ဘာလို့အဲ့လောက်ချိတ်ရတာလဲမေးတော့ ဘာပြောတယ်မှတ်လဲ ပိုင်ရှင်ရှိပီးသားမှန်းသိအောင်တဲ့ သူများထုတ်ပေးထားတဲ့လည်ပင်းအစိနဲ့အင်္ကျီလဲမဝတ်ဘူး လည်ပင်းအဟိုက်ဝတ်လာတယ် ကျွန်မပေးထားတဲ့ အမှတ်အသားလေးတွေကသူ့လည်ပင်းမှာအစီအရီ သူများတွေကြည့်နေတယ်ဆိုတာလဲသူလေးကမရှက်ဘူးဆိုဘဲ အဲ့စကားလေးတွေကြောင့်သူလေးကိုကျွန်မတိုးတိုးပီး ချစ်မိနေတယ်ဆိုပါတော့လေ

ကျွန်မတို့လဲစားပီးတော့ကမ်းခြေကိုသွားသည့်တိုင်အောင်ဘယ်သူ့ဘက်မှစကားမစ၊နောက်ဆုံးတော့သူမဘက်မှ
စကားစလာတယ်

Tae-"Sica Yoon ကိုပြန်တွေ့လား"

ကြားလိုက်ရသောစကားကြောင့်တုန်လှုပ်သွားတယ် သူသိနေတယ်

I Need You[Complete]Where stories live. Discover now