Part-1

12.9K 319 14
                                    

ဒီနေ့ကျောင်းတွေစဖွင့်တဲ့နေ့ ကောင်မလေး၁ယောက် မှန်တင်ခုံရှေ့တွင်မျက်နှာကိုအညိုရောင်ဆန်တဲ့မိတ်ကပ်ကိုလိမ်းနေသည်။မိတ်ကပ်လိမ်းပြီးနှုတ်ခမ်းနီအနီရောင်ကိုဆိုးလိုက်သည်။ပြီးတော့ဆံပင်ကိုသေချာရှင်းပြီးအရှေ့တွင်အပူကြောင်းဖြင့်လိတ်ထားသော ဆံပင်အခွေလေးကိုလက်ဖြင့်ဘယ်ဘက်သို့စောင်းလိုက်သည်။
မျက်နှာထားကလဲခပ်ထန်ထန်။အဲ့ကောင်မလေးက Jessica Jung
သူသည်အချမ်းသာဆုံးနံပါတ်၁စာရင်းဝင်တစ်ယောက်ရဲ့သမီးတယောက်
သူ့အဖေချမ်းသာတာကိုဘယ်သူမှမယှဉ်နိုင်
သူသည်ချမ်းသာသောကြောင့်မာနကလဲကြီးသည်။
ဒီနေ့လဲကျောင်းသွားဖို့ကိုမနက်၆နာရီထဲကအင်္ကျီရှာနေတာ ၈နာရီခွဲလောက်မှကျောင်းသွားဖို့သင့်တော်တဲ့အင်္ကျီထွက်လာတယ်
သူလောက်အင်္ကျီတွေပေါတာလဲသူပါဘဲ ဘယ်လောက်ပေါပေါ အပြင်သွားမယ်ဆိုရင်ရှာလိုက်ရတာအမော....
အခုအင်္ကျီအမည်းရောင်ကိုယ်ကျပ်ဂါဝန်ဒူးပေါ်လေးနဲ့အင်္ကျီလဲခန်းထဲကထွက်လာခဲ့ပြီ။အခုတော့ဖိနပ်ထားတဲ့အခန်းထဲကိုဝင်လိုက်ပြီး
အမည်းရောင်ဒေါင့်မြင့်ကိုယူပြီးဖိနပ်စီးဖို့အတွက် အ်ေကာအောက်ထပ်ကအိမ်ဖော်ကောင်မလေးကိုလှမ်းခေါ်လိုက်သည်။

"Yoo Yu Su Yoo Yu Su!!!!"

"Nae လာပါပြီမမလေး"

ကောင်မလေးကအမြန်ဆုံးပြေးလာပီး sica ရှေ့တွင်ခေါင်းလေးငုံ့ကာပြောလေသည်

"ငါ့ကိုဖိနပ်စီးပေး မြန်မြန်..."

ကောင်မလေးရှေ့ခြေထောက်ထိုးပေးကာပြောလေသည် ကောင်မလေးကလဲကြောက်ကြောက်လန့်လန့်နှင့်ခေါင်းလေးငုံ့ကာ

"Nae"

Yu Su ၁ယောက် Sica ရဲ့ခြေထောက်လှလှလေးမှာ အမည်းရောင်ဒေါင့်မြင့်ကိုဆင်မြန်းပေးလိုက်သည်

ပြီးတော့ Sica တယောက်မနက်စာစားဖို့အောက်ထပ်သို့ဆင်းလာသည်။
ထမင်းစားခန်းထဲကိုဝင်လိုက်ပြီး Appa ကိုနှုတ်ဆက်လိုက်သည်။

"Appa morning"

ထိုင်ခုံကာဆွဲယူကာအဖေဖြစ်သူကိုနှုတ်ဆက်လိုက်သည်

"Sica သမီး ကျောင်းသွားမှာကိုဘာလို့အတိုဝတ်ထားရတာလဲ ပြီးတော့မျက်နှာမှာလဲမိတ်ကပ်ကခြစ်ချလို့ရတယ် အဖေသမီးကိုဘာပြောထားလဲ"

I Need You[Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ