Part-23

2K 146 9
                                    

ဟုတ်ကဲ့ အခုဆိုရင်ကျမနဲ့ Sooyoung အမူးသမား၂ယောက်ကိုအိမ်ပြန်ခေါ်လာရခြင်းပါ သွားခေါ်တော့ Club ဘေးကခုံပေါ်မှာထိုင်ပီးသီချင်းတွေ အော်ဆိုနေသေးတာ လမ်းသွားလမ်းလာတွေကလဲကြည့်သွားကြတာ ကျမသူ့ကိုသွားခေါ်တော့ဘာပြောတယ်မှတ်လဲ

Flash Back Start

Sica-"ဟာ အလုပ်ကြိုးစားသူကြီး.......ဘယ်လိုရောက်လာတာလဲ အချေမကြီးကိုခေါ်တာလေ ဘာလို့အလုပ်ကြိုးစားသူကြီးက ရောက်လာတာလဲ"

Tae-"Sica yah...မူးနေပီ လာ အိမ်ပြန်မယ် Tae တွဲမယ်"

Sica-"ရတယ်....ကိုယ့်ဘာသာသွားမယ် မတွဲနဲ့ 😥"

အယ်မယ် လူကယိုင်နေပီ ဒါတောင်သူ့ဘာသာသွားမယ်ဆိုဘဲ ကျမလက်ကိုတွန်းဖယ်ပီးကားဆီဒယိမ်းဒယိုင်နဲ့သွားနေတာ လမ်းက၂လမ်းဘဲလျှောက်ရသေး ပစ်လှဲမလိုဖြစ်လို့ကျမမှာသူ့ကိုထိန်းရသေးတယ် ကားပေါ်မနဲတင်ခေါ်လာရတယ် Sooyoung လား ကျမထက်ပိုဆိုးပါတယ်😊 သူ့ဟာလေးကပိုရစ်နေသည်သာ

Fany-"ဟာ.......Choi Sooyoung ဘယ်ကနေဘယ်လိုရောက်လာတာလဲ ဘာလဲ Pany လေးကိုလွမ်းလို့ရောက်လာတာလား ဟား...ချစ်လိုက်တာကွာ"

ကျမသူ့တို့ကိုမှန်ချပီးကြည့်နေခြင်းပါ ကျမဘေးကဟာလေးကတော့ခုနကသူမဟုတ်တဲ့အတိုင်းမူးပီးအိပ်ပျော်သွားတယ် ကျမပခုံးပေါ်သူ့ခေါင်းတင်ပီးပေါ့ Sooyoung Fany ကိုတွဲပီးခေါ်နေတာကိုမလိုက်ဘဲ ရစ်နေသည် ရယ်လဲရယ်ရပါတယ်.....

Soo-"Fany shi...မူးနေပီ လာ Soo တွဲမယ်"

Fany-"တွဲချင်လား လာတွဲ ဒါမဲ့ချစ်တယ်လို့ပြောမှ Pany လေးကိုတွဲလို့ရမှာနော်😁😁"

Soo-"Fany shi ဘာ...ဘာတွေပြောနေတာလဲ"

Fany-"ဟာ.....Soo လေးကလဲ Pany လေးကလူစကားပြောနေတာလေ မကြားဘူးလား မကြားလဲရတယ် ပြူ....."

အမလေး ဘယ်လိုကလေးမလေးပါလိမ့် Choi Sooyoung ရှေ့နှုတ်ခမ်းကြီးသွားထိုးပေးနေတာ ဟိုတယောက်ကလဲမနည်းကိုစိတ်တွေထိန်းထားပုံပင် နောက်ဆုံးမနိုင်တော့၍

Soo-"ကဲ ဒီလောက်တောင်ဆိုးနေတယ်ဟုတ်လား"

Sooyoung တယောက် Fany ရင်ဘက်အောက်ကနေလက်လျှိုသွင်း၍ကားပေါ်ကိုချီကာခေါ်လာရသည် Fany မှာခြေထောင်ကအပေါ်ကိုအနည်းငယ်မြောက်နေသည်.....(သိတယ်မလား အဲ့လိုချီနည်းကို ၇နှစ်အရွယ်ကလေးက ၃နှစ်အရွယ်ကလေးတွေကိုမနိုင်ရင်အဲ့လိုမပီးဘဲချီတာလေ)

I Need You[Complete]Where stories live. Discover now