စကားအဆုံးခုံ​ပေါ် အားမရှိစွာထိုင်​ချလိုက်​မိသည်​။

" ငါ့​ကြောင့်​!!!! ငါသာသိတာနဲနဲ​စောခဲ့ရင်
ဒီလို​တွေဖြစ်​မှာမဟုတ်​ဘူး.....အခု​တော့.....
ဟာကွာ!!! "

ရင်​ဘတ်​ထုကာငို​ကြွေး​နေ​သော chanyeol hyung
နှင့်​အတူ စိတ်​အလိုလိုက်​ကာငို​ကြွေး​နေမိသည်​။

ခွဲစိတ်​ခန်းတံခါးပွင့်​လာသည်​မို့ ထိုင်​​နေရာမှ
မတ်​တပ်​ထရပ်​မိသည်​။
ထွက်​လာသည်​က ကိုလတ်​....
မျက်​ရည်​များနှင့်​ အ​ရေးတကြီး​ပြေးထွက်​လာပုံရသည်​။

Chanyeol hyung ကို​တွေ့သွားကာ
အနားသို့​ရောက်​သည်​နှင့်​မျက်​နှာကိုခပ်​ပြင်းပြင်း
တစ်​ချက်​ထိုးလိုက်​သည်​။

ခွပ်​!!!!

အင်္ကျီ​ကော်​လံစကိုဆွဲကာ....

" မင်းကဒီလိုဘာလာလုပ်​တာလဲ!!!
ဟမ်​....ငါ​မေး​နေတယ်​​လေ!!!!
မင်းဒီကိုဘယ်​လိုမျက်​နှာနဲ့လာတာလဲ။
မင်းမှာသာ ကိုယ်​ချင်းစာစိတ်​ရှိမယ်​ဆိုရင်
မင်းဒီကိုမလာသင့်​ဘူးကွ!!! "

မျက်​စိမှိတ်​ပြီးသာငြိမ်​​နေလိုက်​မိသည်​။
ထိုးသည်​ထက်​ပို​သောအရာများလုပ်​ခဲ့ရင်​​တောင်
မိမိမှာ​ပြောစရာစကားမရှိပါ။
ကိုယ်​​တောင်​ဤမျှခံစား​နေလျှင်​ ​သွေးသားရင်းခြာ
အစ်​ကိုများသည် ကိုယ့်​ထက်​ပိုခံစား​နေရမည်​မှာ
အ​သေအချာပင်​ဖြစ်​သည်​။

နောက်​တစ်​ချက်​ထိုးမည်​အပြု လက်​ကိုဖမ်းဆွဲထား​သော
လက်​တစ်​ဖက်​....

" ကိုကြီး!!!! "

" စိတ်​​လျှော့ထားစမ်း!!! Wu Jongin!!!
အခုအ​ရေးကြီး​နေတာ Hun​လေးပဲ....
တခြားကိစ္စ​တွေကို ​နောက်​မှရှင်းမယ်။
Hun​လေးအ​ခြေအ​နေဘယ်​လိုလဲ။ "

" ဒဏ်​ရာက​တော်​​တော်​နက်​တယ်​ ကိုကြီး။
နှ...နှလုံးကိုပါထိသွားတယ်​။ ခွဲစိတ်​​နေရင်း
နှလုံးရပ်​သွား​သေးတယ်​။ ကျွန်​.......
ကျွန်​​တော်​ဘယ်​လိုမှ ဆက်​မကြည့်​နိုင်​​တော့ဘူး။ "

လက်​နှစ်​ဖက်​နှင့်​ မျက်​နှာကိုအုပ်​ကာ
ငို​ကြွေး​နေ​သောကိုလတ်​​ကြောင့်​ အကုန်
အရုပ်​ကြိုးပြတ်​ဖြစ်​ကုန်​ကြသည်​။

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now