" Wu Yifan ​လောရှည်​အဘိုးကြီး!!!
အ​ရေးကြီးတယ်​​ပေါ့ hk....
အသက်​ကြီးပြီး အချိန်​မစီးတဲ့ဟာကြီး!! "

" လူနာအ​ရေးကြီးတယ်​​ပေါ့​လေ။
Clubထဲထိ operation လိုက်​လုပ်​​ပေးတဲ့
ဆရာဝန်​ကို မြင်​ဖူး​အောင်​ကိုသွားကြည့်​ဦးမှာ.... "

" အ​တွေ့အကြုံ​တွေ သိပ်​လိုချင်​​နေတာ။
ပြမှာ....ပြမှာ....အ​တွေ့အကြုံသစ်​​တွေပြကို
ပြဦးမှာ!!! "

ကား​နောက်​ခန်းမှ စကားသံ​တွေ​ကြောင့်
တံ​တွေးကိုသာ အသာမြိုချမိသည်​။

Club ​ရှေ့ကားရပ်​လိုက်​သည်​နှင့်
အသင့်​​စောင့်​​နေ​သော အတွင်း​ရေးမှူး​ဂျောင်​....
ကား​ပေါ်မှဆင်းကာ တန်းတန်းမတ်​မတ်​​လျှောက်​သွားမိသည်​။

" ဟမ်​!!! အစ်​ကို​လေးတို့....ဒါကဘယ်​လို "

အ​တွေး​ရေးမှူး​ဂျောင်​တစ်​​ယောက်
တော်​​တော်​ အံ့သြသွားပုံရသည်​။

" စကားမများနဲ့။ ဟိုလူ​တွေရှိတဲ့အခန်းလိုက်​ပို့!!!
ဒီအခန်းနား ဘယ်​သူ့ကိုမှမလာ​စေနဲ့။ "

ရှေ့ကခပ်​သွက်​သွက်​ထွက်​သွားတဲ့
အတွင်း​ရေးမှူး​ဂျောင်​နောက်​ လိုက်​သွားကြတယ်​။
အခန်းတစ်​ခန်း​ရှေ့ရပ်​တန့်​လိုက်​သည်​​ကြောင့်
ထွက်​သွားဖို့ အချက်​ပြလိုက်​ကာ
အကုန်​လုံးတိုင်​ပင်​ထားသည့်​အတိုင်း
တံခါး​ခေါက်​လိုက်​သည်​။

ဒေါက်​....​ဒေါက်​!!!

တံခါးပွင့်​သွားသည်​နှင့်​ မြင်​လိုက်​ရ​သောမြင်​ကွင်းသည်
ပေါက်​ကွဲဖို့အတွက်​ လုံ​လောက်​ပြီ။

" Wow!! ကိုကြီးတို့က party လုပ်​တာ
Hun​လေးကို​တောင်​မ​ခေါ်ပါလား။ "

" ဟုတ်​ပ။ Baek ​လေးတို့လည်းဒီလိုပွဲမျိုး
နွှဲချင်​တာ​ပေါ့။ "

" ယူတို့က..... "

ဆေးဆိုးပန်းရိုက်​မျက်​နှာနဲ့ ​မေးလာသူ
အရိုး​ခြောက်​မ!!!
ဝတ်​ထားတာကိုက ​ခေါင်းအုံးစွပ်​ဒီဇိုင်းနဲ့....
ခုမှကြည့်​မိတယ်​။ အလဲ့....
လေး​ယောက်​လုံးက အစစ်​မ​လေး​ကောင်​နဲ့ပဲ
သာယာပါတယ်​​နော်​။
မခုတ်​တတ်​တဲ့ ​ကြောင်​လိုလို ဘာလိုလို
Innocence face​တွေနဲ့....
ကိုယ်​​တွေလိုက်​လာတာကိုမယုံကြ​သေးသလို....
ဘူးသီးဓားရှမျက်​၀န်း​မှေးများနှင့်
အယ်​လ်​ကို​ဟော level မြင့်​​နေကြတဲ့ရုပ်​....

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now