"မလိမ်နဲ့နော်..။ ဟောဒီ့မျက်လုံးလေးမှာ အကုန်ပေါ်နေတယ်.."

"..."

"ကိုယ်..Yeriနဲ့ အပြင်ထွက်သွားတာ ကြာနေလို့လား?"

ခေါင်းပြန်ရမ်းပြတယ်

"ကိုယ်နဲ့ သူနဲ့အတူ မျက်နှာချင်းဆိုင်ထိုင်တာကို မကြိုက်လို့လား?"

ဒါလည်းခေါင်းရမ်းတုန်းပဲ။

"ဒါဆို ဘာတုန်း ကလေး--"

ရေခွက်ကြီးကို ပစ်ချကာ ကျနော့်ခါးကိုလာဖက်ပြီး ရင်ခွင်ထဲကိုတိုးဝင်သွားတယ်

"ကျနော့်ကို...ဦးဂျယ်က အရမ်းချစ်တာပဲနော်"

"ဟာ...ကလေးရာ ဘယ်လိုများပြောလိုက်တာလဲ? ဒါပေါ့ ဦးဂျယ်က ဦးဂျယ်ကလေးလေးကို သိပ်ချစ်ရတာပေါ့"

"ခုနက ဦးဂျယ်ပြောလိုက်တဲ့စကားလေ..။ ကျနော်က ဦးဂျယ်အပေါ်ကို သူလုပ်သလို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူးဆိုပြီး အဲ့ဒါကိုကြားလိုက်ရတာ ကျနော်ဦးဂျယ်ကိုအရမ်းအားနာမိတယ်။ ဦးဂျယ်က ကျနော့်လိုလူနဲ့ မတန်သလိုခံစားလာရတယ်"

ကျနော့် shirtလည်း သူ့မျက်ရည်တွေနဲ့ စိုရွှဲနေပြီ။ သူ့ကိုရင်ခွင်ထဲကနေထုတ်ပြီး ကြည့်လိုက်တော့ မျက်ရည်တွေ၊ နှာရည်တွေရောနေပြီးတော့ မျက်နှာလေးကပြောင်ပြောင်လေးဖြစ်နေတယ်။ အဲ့ဒီမျက်နှာပြောင်ပြောင်လေးက ငိုထားတော့နီရဲနေပြီး ဝတ်ထားတဲ့hoodieက အနီလေးနဲ့ဆိုတော့ ဒီနေ့ကျမှ strawberryလေးက ပိုပြီးမှည့်နေတယ်

"ကလေး.." ဒီတစ်ခွန်းပဲ ကျနော်ပြောနိုင်ပြီး မနေနိုင်တော့ဘဲ သူ့ရဲ့ နှုတ်ခမ်းပါးပါးလေးကို ဖိနမ်းချလိုက်တယ်။ ပထမတော့ သူနည်းနည်းလန့်သွားပေမယ့် နောက်တော့ အလိုက်သင့်လေး ပြန်တုံ့ပြန်လာတယ်။

ကုတင်ခြေရင်းမှာထိုင်နေတာဖြစ်လို့ ကုတင်ပေါ်ရောက်အောင် သူ့ကိုပါတိုးလိုက်ပြီး ကျနော်ပါလိုက်သွားလိုက်တယ်....ကျနော်တို့ နှုတ်ခမ်းတွေကိုတော့ ခွဲခြင်းမရှိဘဲနဲ့။

ကျနော့်shirtကိုအရင်ချွတ်ပစ်လိုက်ပြီး သူ့hoodieကိုပါချွတ်ပေးလိုက်တယ်။ အခုကျမှပဲ hoodieက ခေါင်းပေါက်မှာတစ်နေလို့ ကျနော်အားနည်းနည်းသုံးလိုက်တော့ 'ဗြိ'ဆိုတဲ့ အသံလေးကြားလိုက်ရတယ်။
သွားပါပြီ ကျနော် အကြိုက်ဆုံး hoodieလေး ☹

Uncle Jae (Complete)Where stories live. Discover now