Hun ​လေးအိမ်​ထဲမှထွက်​လာသည်​မှစ၍
အခုကားနားမှာ​ယောင်​​ပေ​ယောင်​​ပေလုပ်​​နေသည်​ကို
သေချာရပ်​ကြည့်​​နေမိသည်​။ ငဆိုး​လေး....
ခိုးထွက်​တာတဲ့ ​နောက်​မှာပါလာတဲ့နှစ်​​ယောက်​ကိုကျ
မမြင်​ဘူး။ အိမ်​​ပေါက်​၀က ​သေချာရပ်​ကြည့်​​နေတဲ့
ယောက်​ဖအကြီးဆုံးကြီးကိုလည်း သူ​လေး
မမြင်​ရှာဘူး။ Chanyeol အိမ်​ထဲအသာဝင်​လာကာ
သူ​လေးနားရပ်​ပြီး

" Hun​လေး!! ဘာ​တွေ​ချောင်း​နေတာလဲ? "

" အမ​လေး...လန့်​လိုက်​တာ chan ရယ်​။
Chanကဘာဝင်​လုပ်​တာလဲ။ ဘယ်​သူမှ
မမြင်​​အောင်​ ခိုးထွက်​လာမလို့​လေ။
လာ...လာ သွားရ​အောင်​။ နို့မို့ဆို
တောက်​တဲ့နှစ်​​ကောင်​ကပ်​ပါလာဦးမယ်​။ "

လက်​က​နေဆွဲကာ အတင်း​​ပြေးထွက်​ဖို့ပြင်​​နေတဲ့
သူ​လေး ဘယ်​​လောက်​ချစ်​ဖို့​ကောင်းလိုက်​သလဲ။
အသည်း​တွေယားလိုက်​တာ......
မတရား​တွေချစ်​​နေပါပြီ။

" Hun ကိုဘယ်​သူမှမမြင်​တာ​သေချာလို့လား။ "

" ​သေချာတာ​ပေါ့။ Chan ကြည့်​လိုက်​​လေ....
ဘယ်​သူမှမရှိ....အမ​လေး....ဟီး "

နောက်​လှည့်​ကြည့်​မိ​တော့ တယ်​​တော်​တဲ့ငါ....
တစ်​အိမ်​လုံး ငါ့​နောက်​မှာရှိတယ်​။
ငါပဲမသိတာ။ အရှက်​​ပြေရီပြလိုက်​ရသည်​။

" Hun​လေး! အဲ့တာဘယ်​လဲ။ "

သေပြီ......ကိုကြီးအသံ....
အဆူခံ​ပေ​တော့ဟ။
အဆူခံရမည်​ဆို​သော်​ညား....
မျက်​နှာချို​တော့​သွေးသင့်​သည်​။

" ဟီး.....ကိုကြီး....Hunကခိုးထွက်​ရတာက​လေ...
ဒီ​နေ့မှပထမဆုံး date မှာမို့ ကိုကြီးလူ​တွေပါရင်
မလွတ်​လပ်​ဘူး​လေဗျာ။ အဲ့တာမို့ပါ "

ဗု​ဒ္ဓေါ.....ပွင့်​လင်းလိုက်​တဲ့ဟာ​လေး...
သူ့အစ်​ကို​တွေ​ရှေ့ ကိုယ့်​မျက်​နှာ
ဘယ်​နားထားရမယ်​မသိ....စိတ်​ချမ်းသာတယ်​။

" ငါကသ​ဘောတူရုံရှိ​သေး....စလာပြီ။
တွဲဖို့ပဲခွင့်​ပြုထား​သေးတာ....​နောက်​ပိုင်းက​တော့
Chanyeol! မင်းအ​ပေါ်မူတည်​တယ်​။
ကဲ....ဟိုနှစ်​​ကောင်​ ဟိုကdate မှာတဲ့....
လိုက်​မသွားနဲ့....chanyeol.... Hun​လေးကိုဂရုစိုက်​။
တစ်​ခုခုဆိုလို့က​တော့ မင်းမလွယ်​ဘူးမှတ်​!!!! "

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now