ကျနော်တို့က seniorကြီးတွေ ပီပီ ကျောင်းက fresherလေးတွေကို ဖေးမရမယ်လေ။ fresherတွေထဲမှာ ကျနော်မျက်မှန်းတန်းမိတဲ့ ကောင်ကလေးတစ်ယောက်ရှိတယ်။ သူကအမြဲကြိုးကြိုးစားစားနေပေမယ့် အပေါင်းအသင်းမရှိရှာဘူး..မနာလိုကြတာနေမှာပေါ့။ သူ့ကြည့်လိုက်တိုင်း ထမင်းစားလည်းတစ်ယောက်တည်း သွားလည်းတစ်ယောက်တည်းဆိုတော့ ကျနော်တို့၃ယောက်က ခေါ်ခေါ်ပြီး ကျွေးမွေးပေးရတာ။
ခုလည်း အဲ့ကောင်လေးက အစ်ကိုတို့နဲ့ ထမင်းတစ်နပ်လောက်စားချင်လို့ဆိုပြီး pizzaဆိုင်မှာ ချိန်းထားတယ်။ (pizzaကို ထမင်းလုပ်စားကြမှာတဲ့ 😖)
Awwဒါနဲ့ သူ့နာမည်က Markတဲ့"ဟုတ် Hyung..ကျနော်တို့စောင့်နေမယ်နော်"📱
"အစ်ကိုတို့!!"
အငွေ့တထောင်းထောင်းနဲ့မျက်စိရှေ့ရောက်လာတဲ့ pizzaကို မျက်လုံးမလွှဲရင်း Markပြောတဲ့ စကားကိုအာရုံထားလိုက်တယ်
"ကျနော့် Hyungက အစ်ကိုတို့ကို အိမ်ပြန်လိုက်ပို့ပေးမယ်တဲ့"
"ဟင်..ဘာလို့လဲ?"-Ten
"အစ်ကိုတို့ကို ကျေးဇူးတင်လို့တဲ့..ကျနော်နဲ့တူတူ ထမင်းစားပေးလို့တဲ့ဗျ"
"မလိုပါဘူးကွာ..ပြီးတော့ အစ်ကိုတို့က busနဲ့ပြန်လိုက်လို့ရပါတယ်။မင်းသာ ကောင်းကောင်းပြန်"-Doyoung
"ဟုတ်တယ်..အစ်ကိုကလည်း Taxiနဲ့သွားလို့ရတယ်"-Ten
ကျနော်ကတော့ pizzaတစ်စိတ်ကိုလှမ်းယူရင်း Tenနဲ့ Doyoungပြောသမျှကို ဘာတစ်ခွန်းမှမပြောဘဲ နားထောင်နေလိုက်တယ်။
"Taeyong hyungကရော??"
Markက ငြိမ်နေတဲ့ ကျနော့်ကိုလှမ်းကြည့်ပြီးမေးလာတော့
"အစ်ကိုကလည်း ရတယ်..။ဒါပေမယ့် လိုက်ပို့ပေးရင်တော့ ကောင်းတာပေါ့ကွာ"
"ဟေ့ကောင်!"-Doyoung
"Taeyong!!!"-Ten
"Wae~~~?"
ကျနော် Wae~~~?လိုက်တော့ ကျန်တဲ့၂ကောင် ကျနော့်ကိုသနားသွားပုံရတယ်။ ဟုတ်တယ်လေ။ ဒီseoulမှာ ကျောင်းတက်နေတဲ့ ကျနော်တို့၃ယောက်ထဲမှာ ကျနော်ကပဲ ဘာမှမရှိ။ ဘာမှမရှိဆိုတာက Tenကလည်း သူ့အိမ်က အိမ်တစ်လုံးဝယ်ပေးထားပြီး ဘာမှလိုလေသေးမရှိစေရ။ Doyoungဆိုတာလည်း သူ့မိသားစုနဲ့ သူ့အိမ်နဲ့ရှိတယ်လေ။ ကျနော်တစ်ယောက်ပဲ အဆောင်မှာနေရပြီး နေ့တိုင်းbusနဲ့သွားလာနေရတာ။ တစ်ခါတစ်ခါ ပိုက်ဆံမရှိတော့ဘူးဆိုရင် ကျောင်းနဲ့အဆောင်နဲ့ကို ခြေထောက်နှစ်ချောင်းသုံးပြီးပြေးရတာ။ ကျနော်တို့ အိမ်ကိုလည်း သိပ်ဒုက္ခမပေးချင်ဘူးဗျာ..ပိုက်ဆံမရှိတော့ရင် ကျနော့်မှာတောင်းဖို့လက်တွန့်နေရတာ။ Taxiမပြောနဲ့ busတောင် အနိုင်နိုင်စီးနေရတာ။
YOU ARE READING
Uncle Jae (Complete)
FanfictionZaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!! ×× Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!!
Part (4)
Start from the beginning