"Arr...baby Ni Ni​လေးတဲ့" Lisaနဲ့ Chaeyoung ထ​အော်​​ပြီး ရီ​တော့တယ်​။

"ဟင့်​..." သူ​ပြောချင်​တာ​ပြောပြီး စခံရမယ်​မှန်းသိ​တော့ ​ပြေးပြီ။ Jennieပဲ ဝိုင်းစခံရပြီ ခု​တော့...
.
.
"Baby Ni Ni​လေး ​ဘောပင်​​လေး ​ပေးပါဦး"

"......."

"Baby Ni Ni​လေး စာအုပ်​​လေး ဒီဘက်​ လှမ်းပါဦး"

"......."

"Baby Ni Ni​လေး ဒီအပိုင်း နားလည်​လိုက်​တယ်​​နော်​...အဲ့အချိန်​က စာနားမ​ထောင်​ဘဲ စာရှင်းပြတဲ့သူကိုပဲ ကြည့်​​နေလို့..."

"ဂါး...​တော်​ကြ​တော့"

Jennie​ထပြီး လိုက်​ရိုက်​​တော့ နှစ်​​ယောက်​သား အခန်းထဲ ​အော်​ပြီး ပတ်​​ပြေးကြတယ်​။ အခန်းထဲမှာဆို​တော့ ဘယ်​လွတ်​မလဲ။ နှစ်​​ယောက်​လုံး မိတာပဲ။

"ဖြန်း ဖြန်း" လက်​​တွေကို ရိုက်​ပစ်​လိုက်​တယ်​။

"​နောက်​​ခေါ်ဦးမလား" လက်​ထဲမှာဆို​တော့ ကုပ်​လို့ မျက်​နှာငယ်​​လေး​တွေလာလုပ်​​ပြ​နေကြတာ။ မ​ကြောက်​ဘဲနဲ့။

"​နောက်​မ​ခေါ်​တော့ပါဘူး Baby Ni Ni​လေး"

"ရားးးး"

"ဟားဟားဟား"

နောက်​ဆုံး​တော့ ​ထပ်​မစဖို့​ပြောရင်း ​မောပြီး လက်​​​လျှော့လိုက်​ရတယ်။ သူတို့နှစ်​​ယောက်​ကလည်း ထပ်​မစ​တော့ပါဘူး။ ရှက်​​နေတာ သိသွားတာမို့။
.
.
.
.
စာသင်​​ပေးတဲ့သူက သင်​​ပေးပြီးရင်​ ကိုယ်​ကိုယ်​တိုင်​က ကြိုးစားရမယ့်​ တာဝန်​ရှိတယ်​​လေ။ Unnieသင်​​ပေးထားတာကို ထပ်​​လေ့လာဖို့ စာကြည့်​တိုက်​ သွားရမယ်​။ စ​နေ တနင်္ဂ​နွေ မနက်​တိုင်း ကိုရီးယားဘာသာ​လေ့လာဖို့ အချိန်​နှစ်​နာရီ သတ်​မှတ်​လိုက်​တယ်​။

ဒီည​တော့ Chaeyoungတို့ဆီမှာ အိပ်​တာမို့ တနင်္ဂ​နွေ မနက်​မှ စပြီး စာကြည့်​တိုက်​သွား စာဖတ်​မယ်​။ Chaeyoungလည်း ​တွေး​နေဦးမယ်​ထင်​တယ်​။ တလှုပ်​လှုပ်​နဲ့ ခုထိ မအိပ်​​သေးတာ Jennieကြား​နေရတယ်​။ Chaeyoungနဲ့ Jennie အလယ်​မှာ အိပ်​​နေတဲ့ lisaက​တော့ အိပ်​​ပျော်​​နေပါပြီ။ သူက ​ခေါင်းချတာနဲ့ တန်းအိပ်​​ပျော်​တဲ့ အမျိုး။
.
.
.
Next week~~

Referred PainWhere stories live. Discover now