Jennieကို မြင်​သွား​တော့ လှမ်းပြီးပြုံးပြသည်​။
သူ့ရဲ့ တိမ်​တိုက်​ကြီး ပြုံး​နေတာပါလား။

သူပြုံးတာမြင်​တိုင်း ငြိမ်းချမ်းရပါသည်​။ jisooပြုံးလိုက်​တိုင်း လုံခြုံ​နွေး​ထွေးတဲ့ ခံစားချက်​မျိုး Jennieခံစားမိ​နေတာ ကြာ​ပေါ့...
.
.
Jisoo​ဘေးနားကို​ရောက်​​တော့ ပထမဆုံး ​ပြောလိုက်​တဲ့စကား​ကြောင့်​ Jennie​ကြောင်​သွားတယ်​။

"Cuteဖြစ်​တာနဲ့ Sexyနဲ့ တစ်​ပြိုင်​နက်​တည်း ဖြစ်​လိုရလား"

ကြည့်​​လေ...ဘယ်​လို​တောင်​ ကိုးလိုးကန့်​လန်​ နိုင်​တဲ့ ​မေးခွန်းလဲ...မဆိုင်​တာ နှစ်​ခုကို ဘယ်​လိုဖြစ်​နိုင်​မလဲ...

"မရပါဘူး...သက်​သက်​စီကို"

"ဟုတ်​တယ်​​နော်​...တစ်​ကန့်​စီကို..."

"အင်း​လေ...ဘာ​တွေ​မေး​နေတာလဲ"

"Unnieလည်း အရင်​က လက်​မခံပါဘူး...
ဒီ​နေ့မှ လက်​ခံသွားတာ"

Jennieက ဘာလဲဆိုတဲ့ အကြည့်​နဲ့ jisooကို လှမ်းကြည့်​​တော့မှ...

"ကိုယ့်​ရဲ့ ချစ်​ဖို့​ကောင်းလွန်းတဲ့ က​လေး​လေး Ni Niက ဒီ​နေ့ အရမ်းဆွဲ​ဆောင်​မှုရှိ​နေတာ​ကြောင့်​"

သူ့အင်္ကျီ shoulder offဖြစ်​​နေတာကို ရည်​ရွယ်​ပြီး ​ပြောလိုက်​မှန်း Jennieသိလိုက်​သည်​။

"Shoulder offဝတ်​ရတာကို တကယ်​ သ​ဘောကျလို့ပါ"

"အရမ်းလှတယ်​"
.
.
.
Jisooက အကြီးဆို​ပေမယ့်​ သူတို့ရဲ့ ပထမဆုံး ​လျှောက်​လည်​တဲ့ရက်​ တိရစ္ဆာန်​ဥယျာဉ်​သွား​တော့ ထိန်းမနိုင်​သူဟာ သူပါ...

တိရစ္ဆာန်​​တွေရဲ့ အသံ​ပေါင်းစုံ လိုက်​လုပ်​တယ်​။
အ​ကောင်​တိုင်းကို အစာ​ကျွေးဖို့ ကြိုးစားတယ်​။
က​လေးတစ်​​ယောက်​လို ခုန်​​ပေါက်​​နေ​ရောပဲ...

ချိန်းတယ်​သာ​ပြောတာ Jennieမှာ က​လေးထိန်းကြီးကျလို့...
က​လေးကြီးကို လိုက်​ဆွဲ​နေရတာ...

ကျောင်းမှာ ပထမဆုံးစ​တွေ့တုန်းက Jisooကို ပြန်​မြင်​ရသလိုပဲ...စာဖတ်​ရင်​ ငြိမ်​​နေတတ်​တဲ့ jisooရဲ့ ပုံစံနဲ့​တော့ နည်းနည်းမှမတူ...
Jisoo unnieမှာ ငြိမ်​တဲ့ အခြမ်း​ရော...ထိန်းမနိုင်​​အောင်​ ​ဆော့တဲ့ အခြမ်း​ရော...၂ပိုင်းလုံးရှိတာပါလား...

Referred PainWhere stories live. Discover now