တွေ့လား...ခုလည်း လုပ်​ပြန်​ပြီ...ချစ်​တယ်​လို့ ပြန်​မ​ပြောရ​သေးတာ​တောင်​ ပိုင်​စိုးပိုင်​နင်းနဲ့...
ဒါ​ပေမယ့်​ စာဖတ်​ပြီး Jennieရီ​နေတာ ရပ်​သွားမိသည်​...unnieက မပြုံးပါနဲ့ ဆိုလို့​လေ။

ဟာ...ကိုယ့်​ကိုယ်​ကို​တောင်​ သတိမထားမိလိုက်​ဘဲ...Unnieစကားကို နား​ထောင်​မိသွားတာလား...
.
.
.
ကြာသပ​တေး...
"​ဘောပင်လှလှလေးတွေ့တော့ လက်လှလှလေးတွေရှိတဲ့ကောင်လေးကိုပြေးမြင်ပြီး မဝယ်ဘဲ နေနိုင်ခဲ့ဘူး...
ဒီဘောပင်​​လေးက Ni Niလက်ထဲမှာဆို ဘယ​​လောက်လှနေလိမ့်မလဲ"
ဖတ်​ပြီး Jennieရီမိသည်​...Unnieက တကယ့်​ဟာသ​လေး...ကဗျာ​တွေလာဆန်​ပြ​နေတာ...က​လေး​တွေကြိုက်​တဲ့ ပုံစံနဲ့​ဘောပင်​က...သူကဖြင့်​ မူလတန်း​လောက်​ကတည်းက အဲ့လို​တွေ မကိုင်​​တော့တာ...Jisoo unnie အရူး​လေး...
.
.
.
သောကြာ...
"လွမ်းဆွတ်ခြင်းမရှိရင်အချစ်က တောက်​​လောင်နိုင်ဘူးတဲ့...
နေ တနင်္ဂနွေပိတ်ရက်မှာ Ni Niကို သတိရနေမှာပါ"

လွမ်း​နေပါ Unnie....
.
.
.
စ​နေပိတ်​ရက်​မှာ သူ​ပြေး​နေကျ လမ်း​ကြောင်းကို Jennieတို့ အိမ်​ဘက်​ကို ​ပြောင်းပြစ်​လိုက်​တယ်​။
"Ni Ni​လေးတို့ အိမ်​​ရှေ့မှာ ဖြတ်​​ပြေးမယ်​...ပြီးမှ စာကြည့်​တိုက်​သွားမယ်​"
ကိုယ့်​အစီအစဉ်​နဲ့ကိုယ်​​တော့ ဟုတ်​​နေတာပဲ...

Jennieတို့အိမ်​​ရှေ့က ဖြတ်​​ပြေးရင်း လှမ်းမကြည့်​ရဲ...

"ငါ​တော့ ရူး​တော့မှာ​ပဲ...အိမ်​​ရှေ့က ဖြတ်​​တာ​တောင်​ ရင်​​တွေခုန်​​နေတာ"
.
.
.
ကျောင်းဖွင့်​ရက်​ဆို စာ​လေး​တွေကပ်​​ပေးပြီး ပိတ်​ရက်​ဆို အိမ်​​ရှေ့က ဖြတ်​​ပြေးတာ ၄ပတ်​​ရှိပြီ...
ခု စ​နေလည်း သွားဖို့ ပြင်​ပြီ...

Referred PainWhere stories live. Discover now