သူတို့ထွက်​သွားမှ လှမ်းကြည့်​လိုက်​​တော့ unnie​ဘေးက ​ကောင်​မ​လေးက​နောက်​ပြန်​လှည့်​ကြည့်​တာနဲ့ တည့်​တည့်​တိုး​တော့သည်​... jennieကို ပြုံးပြပြီး အသံတိတ်​နှုတ်​ဆက်​သွား​တယ်​။
သူ့မှာ ယုန်​သွား​လေး​တွေနဲ့ ...
အဲ့​ယုန်​သွား​လေး​တွေနဲ့ ​ကောင်​မ​လေးက Jisoo unnieလက်​ကို တင်းတင်းချိတ်​လို့...
Unnieနားနားကိုလည်း ကပ်​လို့ စကား​တွေ​တိုးတိုး​ပြောသွားတာ...
အာ...သူကပ်​​ပြော​နေတာကလည်း ပါးကို နမ်းမိ​တော့မလို...နည်းနည်း​လောက်​​တော့ ခွာကြပါဦး...😡

ဘာ​တွေလဲလို့ စဉ်းစားမိသွားတဲ့ Jennieမျက်​နှာကို ဖတ်​မိသည်​ထင်​...
Lisaက​ပြောလာတယ်​။

"Nayeonက Jisooတို့အတန်းထဲက​လေ...သူတို့နှစ်​​ယောက်​လုံးက နာမည်​ကြီး​တွေပဲ...နှစ်​​ယောက်လုံးက ​စာ​တော်​တာ​ကြောင့်​လည်း ပါတာ​ပေါ့...​Nayeonက ချစ်​ဖို့​ကောင်းပြီး Jisooက ​ဖော်​​ရွေ​တဲ့သူဆို​တော့ ​သူတို့နှစ်​ယောက်​က senior junior​တွေကြားမှာ ​ရေပန်းစား​ရောပဲ"

Jennieမျက်​လုံးထဲ​တော့ Jisooက အများကြီး ပိုချစ်​ဖို့​ကောင်း​နေတာပါ။

"Nayeonက သူ့ကို လိုက်​​နှောက်​ယှက်​တဲ့သူ​တွေကို
အမြဲ​ပြော​နေကျ စကားရှိတယ်​။သူက Jisooနဲ့တွဲ​နေတာ​မို့ သူ့ကို မ​နှောက်​ယှက်​ကြပါနဲ့တဲ့​​လေ"

"OMG...ဘယ်​...ဘယ်​လို..တွဲ​နေကြတာ"

Jennieလန့်​သွားတာမြင်​​တော့ lisaက ရီသည်​။

"အင်း Chaeyoungနဲ့ဘာလဲလို့​မေးရင်​လည်း... Chaeyoungနဲ့Jisooအတွဲလို့​ဖြေမှာ။
Jisoo​မေးကြည့်​ချင်​​သေးလား...သူက Chaeyoung​ရော Nayeon​ရောက သူနဲ့တွဲ​နေတာပါလို့​ဖြေမှာပဲ..
Hee Hee ^_^"

lisaဘာကို သ​ဘောကျပြီးရီ​နေတာလဲ သူနားမလည်​...
သူ​ကြောင်​​တောင်​​တောင်​​လေး ဖြစ်​​နေလို့ထင်​တယ်​...lisaက ဆက်​ရှင်းပြသည်​။

"Jen Jenနဲ့ ငါနဲ့ကလည်း အတွဲပဲ​လေ...
တူတူသွား တူတူလာ​နေကြတာ...
Jisooလည်း အဲ့လိုဆိုလိုတာပါ အတွဲဆိုတာ...အဲ စိတ်​ထဲ​တော့ရှိရင်​ရှိမှာ​ပေါ့ ခံစားချက်​​တွေ"

နင့်​ခနဲရင်​နာရပြန်​သည်​...မဖြစ်​ မဖြစ်​ သူjisooကို ချစ်​​မိလို့မဖြစ်​...ကိုယ့်​ကိုယ်​ကို ပြန်​ဆုံးမရမည်​။

Referred PainWhere stories live. Discover now