14

4.7K 796 127
                                    

UNICODE


"ဝါး .. ဒီနေရာက ပိုဆွန်းလား!! "

မျက်လုံးကလေးတွေ ပိတ်သွားတဲ့အထိ
ပြုံးရယ်ကာ ဝေါယာဉ်ပေါ်မှ ခပ်သွက်သွက် ဆင်းလိုက်သည့် Jimin ။

ဆင်းသည့်ခုံလေးပေါ်ကနေ ခြေချော်သွားကာ အောက်ရောက်နှင့်နေသော Jungkook ရဲ့ ရင်ခွင်ထဲသို့ တန်း၍ ဝင်သွားသည်။ထိုအခါ Jungkook တစ်ယောက် Jimin ကို အလျင်အမြန်ဖမ်းယူလိုက်ရသည်။အယောင်ယောင်အမှားမှားဖြင့် လက်မောင်းသေးသေးကို ကိုင်ထားရာက
ရင်ခွင်ထဲရောက်နှင့်နေသော ကောင်လေးဆီမှ
ကိုယ်သင်းရနံ့လေးကိုပါ ခိုး၍ရှူမိလိုက်သေးသည်။

တစ်ဆက်တည်းဆိုသလို လှိုက်ခုန်လာသည့် ရင်ဘတ်ကြောင့် ပူထူစွာဖြင့်  တစ်ဖက်သို့
မျက်နှာလွှဲထားသော်လည်း
ဟိုကဖြင့်သတိပင်မထားမိချေ။
သူ့လက်ထဲကနေ မြန်မြန်ရုန်းထွက်ပြီး ဈေးပွဲတော်ရှိသည့်ဖက်ကိုသာ
အကြည့်လုံးဝမပျက်ပဲ ရှိနေလေသည်။

လူတွေ ပျားပန်းခတ်သွားလာနေကြသည့်
ပိုဆွန်းဈေးကြီးသည် ပန်းပွဲတော်ကြောင့်ပေလား ...ဒီနေ့ကျမှ ယခင်ကထက် ပို၍လူစည်ကားနေသယောင်ပင်။ ဈေးဆိုင်မျိုးစုံ ၊ ရပ်ခြားမှ တင်သွင်းသော အရောင်အသွေး စုံလင်လှသည့် အသုံးအဆောင်အမျိုးမျိုး စသည်ဖြင့်
လှပနေသည့် ပိုဆွန်းဟာ နန်းတွင်းအထိပင်
နာမည်ကြီးသော အထင်ကရနေရာတစ်ခုပင် ဖြစ်သည်။

"လှလိုက်တာ .. ဝါး "

အာမေဋိတ်သံအမျိုးမျိုးက အပြုံးလေးရဲ့
နောက်ဆက်တွဲအဖြစ် ဖြစ်တည်လာသည်။
တဖျတ်ဖျတ်လက်နေသည့် မျက်ဝန်းတွေက
နေရောင်အောက်မှာ အဆုံးစွန်ထိ
တောက်ပလျက် ရှိနေသည်။

ယခု Jungkook ရှိနေသည့် အနောက်ဖက်မှ ကြည့်ပါက တကယ့်ကို
အဝတ်ကိုဖရိုဖရဲစွပ်ချထားသည့် လုံးတုံးတုံး ကလေးလေးတစ်ယောက်လိုလို။
တော်ဝင်သော ကျောင်းဝတ်စုံပြာလွင်လွင်က ဖြူဥနေသော အသားအရောင်မှာ ပနံသင့်စွာ ထင်ဟပ်သည်။

သို့ကြောင့် အခြားသော ယောကျာ်း၊မိန်းမတွေရဲ့နှစ်လိုဟန်အကြည့်တွေက Park Jimin ဆီ
ကျရောက်လို့ လာသည်။
Jungkook လည်း ခက်ထန်သော မျက်နှာအမူအရာကို လုပ်ထားရင်း ချောင်းကို ဆက်တိုက်ဟန့်နေကာ Jimin ရဲ့ အနားသို့ သာ၍ ကပ်လိုက်ရသည်။

တော်ဝင်ချစ်သက်သေ [JIKOOK]Wo Geschichten leben. Entdecke jetzt