"ခင်​..ခင်​ဗျား ​တော်​ပြီ ခင်​ဗျားလိုလူမျိုးနဲ့​ပြောလဲထူးမှာ မဟုတ်​ဘူး ကျူ ပ်​အ​ကြွေးကိုသာ အမြန်​ဆပ်​ ဒါဘဲ..."

ပြောပြီးပြီးချင်း ထွက်​သွား​သော kyungsoo ဆိုသည့်​​ကောင်​​လေးကိုကြည့်​ကာ Kai ​ခေါင်းအသာခါရင်း ရယ်​လိုက်​မိသည်​ ။ သူဆိုသည်​မှာလဲ ထို​ကောင်​​လေးကိုမြင်​လျှင်​ပင်​ CEO ဆိုသည့်​ ဂုဏ်​ပုဒ်​ကို​မေ့ကာ စိတ်​မဆိုးမချင်းစတတ်​သည်​ ။ ​တွေ့တာမှ သုံးခါ​လောက်​သာဖြစ်​​သော်​လည်း ​တော်​​တော်​ ကျွမ်းဝင်​​နေသကဲ့သို့ ခံစားရသည်​ ။

"အာ ဒီမှာအချိန်​ကုန်​​နေတာနဲ့ Baekhyun ​တောင်​ဘယ်​သွားလဲမသိဘူး ..."

-  -  -  -  -  -  -  -  - -  -  -  -  - @ -  -  -  -  -  -  -  - 

"ကဲ Baekhyunee ​ရေ ဧည့်​သည်​ကနှစ်​​ယောက်​ဖြစ်​သွားပြီဆို​တော့ သားအခန်းမှာတစ်​​ယောက်​ထားပြီး ဧည့်​သည်​​တွေထားတဲ့အခန်းမှာ တစ်​​ယောက်​ထားလိုက်​​နော်​ ဘယ်​သူ့ကိုဘယ်​မှာထားမယ်​ဆိုတာကို သားတို့ဘာသာ ညှိနှိုင်းလိုက်​ကြ ​မေ​မေသွားပြီ "

အားလုံး ညစာစားပြီးကြပြီး​နောက်​ ပန်းကန်​များ​ဆေးသည့်​အချိန်​တွင်​ omma ကိုကူ​ပေး​နေရာမှ omma က​ပြောလာခြင်း ။ သူလဲ ဒါကိုစဉ်းစားမိသည်​ ။ Kai ကိုဟိုဘက်​အခန်းတွင်​ထားမည်​ဆိုကလည်း သူ​ခေါ်၍လိုက်​လာသူမို့ မ​ကောင်းချင်​ ။ Kai ကိုသူ့အခန်းတွင်​ထားမည်​ဆိုပါကလည်း ဟိုအဘိုးကြီးက J ဝင်​ဦးမည်​ ။ အာ သူတို့အချင်းချင်း ညှိကြပါ​စေ​လေ ။

Omma ကိုကူပြီးပြီးချင်း Baekhyun အခန်းထဲသို့ ဝင်​သွား​တော့ Chanyeol နဲ့ Kai ကအကြည့်​ချင်းစစ်​တိုက်​လျက်​သား ။ သူဝင်​လာမှ အကြည့်​တို့က သူ့ဆီသို့​ရောက်​လာကြသည်​ ။

"ဟို​လေ ငါ့အခန်းကသိပ်​မကျယ်​​တော့ နှစ်​​ယောက်​ဘဲ ဆန့်​လိမ့်​မယ်​ အဲဒါ.."

"အို​ကေ​လေ ငါကအရင်​​ရောက်​တာဆို​တော့ မင်းအခန်းမှာအိပ်​မယ်​ ဒီက park chanyeol ကဟိုအခန်းမှာအိပ်​​ပေါ့ "

"ဒီလိုလုပ်​လို့ရမလား ငါက Baekhyunee နဲ့ဘဲအိပ်​မှာ.."

"​ကောင်းပြီ​လေ Baekhyun မင်းဆုံးဖြတ်​ ဘယ်​သူ့ကို မင်းအခန်းမှာထား​ချင်​လဲ "

Dreams(Completed)Dove le storie prendono vita. Scoprilo ora