Album ထွက်ဖို့နီးလာသဖြင့် Chanyeol နှင့် Baekhyun တို့အလုပ်များနေကြသည်။ Studio ထဲတွင်သီချင်းသွင်း၍ ရိုက်ကူးမှုများပြုလုပ်ကြရသည်။ သီချင်းထဲတွင် သရုပ်ဆောင်လဲထည့်သွင်းမည်ဖြစ်သဖြင့် ဂျယ်ဂျူ သို့ ရိုက်ကူးရန် ခရီးထွက်ရသေးသည်။ Baekhyun မှာလဲ ကျောင်းနှစ်လပိတ်ထားသည့်အတွက် အေးဆေးလိုက်နိုင်ခြင်းဖြစ်သည်။
MV ထဲတွင် Chanyeol ကပင်လယ်ဘက်သို့ မျက်နှာမူကာ မျက်လုံးမှိတ်ပြီး လေပြေများကိုခံစားနေရသည်။ ထိုမြင်ကွင်းကိုမြင်နေရသော Baekhyun အတွက်မှု နတ်ပြည်ရောက်နေသလိုခံစားနေရသည်။ အဟမ်း ကိုယ့် idol တစ်ယောက်လုံးကိုယ့်မျက်စိရှေ့မှာ အရှင်လတ်လတ် ဆံပင်လေးတွေ လေပြေနဲ့အတူဝေ့ယမ်းပြီး မျက်လုံးလေးမှိတ်နေတာကို တွေ့မြင်နေရတဲ့ fan တစ်ယောက်အနေနဲ့ တွေးကြည့်လိုက်စမ်းပါ။ ဒါတွေက အရှင်လတ်လတ်နတ်ပြည်ရောက်ဖို့ လုံလောက်နေပါပြီနော်။
Chanyeol အလှည့်ပြီးတော့ Baekhyun ကသဲသောင်ပြင်ပေါ်မှာ ပြေးလွှားသွားရတဲ့ အခန်းရိုက်ကြရတယ်။ Chanyeol အတွက်ကတော့ သဲသောင်ပေါ်မှာပြေးလွှားနေသော Baekhyun က ကလေးလေးသဖွယ်အသဲယားစရာကောင်းလှသည်။သေချာသည် ဒီကလေးတော့ fan မမများ၏ဝန်းရံမှုကို ခံရတော့မည်။
ရိုက်ကူးမှုက သုံးရက်လောက်ကြာမည်ဖြစ်သဖြင့် ဂျယ်ကျူ ရှိ ဟိုတယ်တွင် နှစ်ရက်အိပ်ရလေသည်။ ဟိုတယ်တွင် chanbaek နှစ်ယောက်ကို တစ်ခန်းတည်းနေရန် စီစဉ်ထားကြသည်။ ရေမိုးချိုးစားသောက်ကြပြီးနောက် Baekhyun တောင်းဆိုသဖြင့် ဝိုင်သောက်ကြလေသည်။ နည်းနည်းလောက်သောက်ပြီးတာနဲ့ Baekhyun တစ်ယောက်ဇာတိပြလာလေသည်။
"Yeol သိလား"
"ဟင် ဘာကိုလဲ"
"ကျွန်တော်က yeol ကို ဟိုး TV ထဲမှာမြင်ကတည်းက ချစ်သွားတာကိုလေ"
"ငါကဘယ်လိုသိမှာလဲ"
"အဲဒီအချိန်က စပြီးကျွန်တော်က yeol တစ်ယောက်တည်းကို မျှော်ကြည့်ပြီးနေလာခဲ့တာ"