မပြောမဆိုဘဲနဲ့ Kai နဲ့စကားပြောနေတုန်း လက်ကိုအတင်းဆွဲကာခေါ်လာသော Chanyeol ကြောင့် Baekhyun အူတူတူဖြင့် သူ့နောက်သို့လိုက်ပါလာရသည်။ ဆိုင်ထဲတွင် လူအများအပြားမရှိလို့သာ တော်သေးသည်။ ရှိသည့်လူအနည်းငယ်ကလည်း စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။ ရှေ့နောက်မစဉ်းစားဘဲ ကိုယ်ဖြစ်ချင်တာကိုသာ ဇွက်လုပ်သော Chanyeol ကြောင့် Baekhyun သူ့အစားရင်မောမိသည်။
"မင်းကိုယ့်ကို ငြင်းနေတာတွေက ဒါတွေကြောင့်ပေါ့ဟုတ်လား"
"ဘာတွေပြောနေတာလဲ ခင်ဗျားပြောတာ ဘာမှနားမလည်ဘူး "
"ကိုယ်နဲ့ရှိနေတုန်းကကျ မမြင်ရတဲ့ မင်းရဲ့အပြုံးတွေက ဘာဖြစ်လို့ ခုဏကကောင်ရှေ့ကျတော့ ဖောဖောသီသီပေးနေရတာတုန်း မင်းပြောတော့ မဖြစ်နိုင်တာတွေဆို "
"ခင်ဗျား ကျွန်တော့်ကို သိက္ခာမချပါနဲ့ အခုခင်ဗျားနဲ့ ကျွန်တော်နဲ့က အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးဘဲရှိတော့တာ သတိရပါ "
ငိုချင်နေသည့် စိတ်ကိုထိန်းထားရင်း ရင်ထဲကမပါသော စကားများကို Baekhyun ပြောလိုက်မိသည်။ သူရဲ့ဘဝထဲမှာ ပါဝင်ခဲ့တယ့် အတိတ်တွေကို မေ့ပျောက်ပြီး ကောင်းကောင်းကြီး ဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်စေလိုသည်မှာ Baekhyun ၏ အတ္တ။ ထို့ကြောင့် သူ့ကိုစိတ်နာစေလိုသော ရည်ရွယ်ချက်ဖြင့် သာ ဤသို့ပြောဆိုနေခြင်း။
"အဟား Baekhyun မင်းတော်တော် ပြောင်းလဲသွားတာဘဲ "
"ဟုတ်တယ် ကျွန်တော် အားလုံးပြောင်းလဲသွားပြီ အရင်တုန်းက ကျွန်တော့် ပုံစံတွေရော ခင်ဗျားကို ချစ်ခဲ့တဲ့ အချစ်တွေအကုန်လုံးရောဘဲ"
"မင်းကိုယ့်ကို အကြောင်းပြချက်လေးဘဲပေးပါ ဘာကြောင့်ကိုယ့်ကို ထားခဲ့ရတာလဲ ဆိုတာ အခုတော့ ဘာမှမသိတဲ့ ကိုယ်ကအရူးကြီးလိုဘဲ"
"ခင်ဗျားသိလဲ ဘာမှထူးသွားမှာ မဟုတ်တဲ့အတွက် ကျွန်တော်မပြောပြနိုင်ဘူး ကျွန်တော့်ကို မနှောင့်ယှက်ပါနဲ့တော့ ဒီလိုဆိုရင် ကျွန်တော် နောက်တစ်ခေါက် အဝေးကို ထွက်ပြေးသွားရလိမ့်မယ် "