四十四

241 27 3
                                    

အိမ္ ...
အိမ္လို႕ ေျပာလိုက္ရင္

ဟိုးအေဝးတစ္ေနရာက
ျမင့္မားတဲ႔ေခ်ာက္ကမ္းပါးအစြန္းေတြမ်ားတဲ႕ေနရာ

တစ္ခါတေလ
ၾကည္ျပာေအးျမေနတဲ႕ ေရေအာက္တစ္ေနရာ

အဲ႕လို ခံစားမိဖူးတယ္ ...

တိမ္စိုင္ေတြၾကားတိုးေဝ႕ျဖာက်လာတဲ့
ေနေရာင္ျခည္တန္းေတြနဲ႕
တိမ္ရိပ္ေတြ ထင္ေနတဲ႕ ေတာင္တန္းေတြဟာလည္း
စိတ္ရဲ႕ လံုျခံဳေအးခ်မ္းရာ ေနရာတစ္ခုပဲ

ေနေရာင္ျခည္တန္းေတြ ျဖာက်ျပီး
တလက္လက္ထေနတဲ႕ ပင္လယ္ျပင္ဟာေတာ့
အထီးက်န္ေစေပမယ့္ ေအးခ်မ္းတယ္

တစ္ခါေလာက္ေတာ့
ေခ်ာက္ကမ္းပါးစြန္းေတြမွာရပ္ၾကည့္ခ်င္တယ္
အျမင့္ေၾကာက္တတ္ေပမယ့္လည္းေပါ့ ...

ျပီးရင္ ပင္လယ္ျပင္ဆီကို
ေအာ္နိုင္သေလာက္ အသံနဲ႕ ေအာ္ပစ္လိုက္ခ်င္တယ္

တစ္ခါေလာက္ေတာ့လည္း
Aida Nikolaychuk ဆိုထားတဲ႕ Lullaby ကို
ပထမဆံုး ၾကားမိတဲ႕အခ်ိန္တုန္းက ခံစားမိသလို
ကမ္းရိုးတန္းလိုေနရာေလးမွာ လမ္းေလွ်ာက္သလိုမ်ိဳး
လက္ေတြ႕က်က် လမ္းေလွ်ာက္ၾကည့္ဖူးခ်င္တယ္

- 181008 -

အိမ် ...
အိမ်လို့ ပြောလိုက်ရင်

ဟိုးအဝေးတစ်နေရာက
မြင့်မားတဲ့ချောက်ကမ်းပါးအစွန်းတွေများတဲ့နေရာ

တစ်ခါတလေ
ကြည်ပြာအေးမြနေတဲ့ ရေအောက်တစ်နေရာ

အဲ့လို ခံစားမိဖူးတယ် ...

တိမ်စိုင်တွေကြားတိုးဝေ့ဖြာကျလာတဲ့
နေရောင်ခြည်တန်းတွေနဲ့
တိမ်ရိပ်တွေ ထင်နေတဲ့ တောင်တန်းတွေဟာလည်း
စိတ်ရဲ့ လုံခြုံအေးချမ်းရာ နေရာတစ်ခုပဲ

နေရောင်ခြည်တန်းတွေ ဖြာကျပြီး
တလက်လက်ထနေတဲ့ ပင်လယ်ပြင်ဟာတော့
အထီးကျန်စေပေမယ့် အေးချမ်းတယ်

တစ်ခါလောက်တော့
ချောက်ကမ်းပါးစွန်းတွေမှာရပ်ကြည့်ချင်တယ်
အမြင့်ကြောက်တတ်ပေမယ့်လည်းပေါ့ ...

ပြီးရင် ပင်လယ်ပြင်ဆီကို
အော်နိုင်သလောက် အသံနဲ့ အော်ပစ်လိုက်ချင်တယ်

တစ်ခါလောက်တော့လည်း
Aida Nikolaychuk ဆိုထားတဲ့ Lullaby ကို
ပထမဆုံး ကြားမိတဲ့အချိန်တုန်းက ခံစားမိသလို
ကမ်းရိုးတန်းလိုနေရာလေးမှာ လမ်းလျှောက်သလိုမျိုး
လက်တွေ့ကျကျ လမ်းလျှောက်ကြည့်ဖူးချင်တယ်

- 181008 -

My Miscellaneous🌌💡Where stories live. Discover now