二十七

286 41 0
                                    

ကိုယ်နိုင်တယ်

ကိုယ်နိုင်တယ်

ကိုယ်နိုင်တယ်

-180720-


ဟိုတစ်ပတ်က ကိုယ်သူ့ကို မုန်းခဲ့တယ်
ဒီတစ်ပတ်မှာ ကိုယ့်စိတ်ထဲသူ့အတွက်
အမုန်းဆိုတာ အစရှာမရတော့ဘူး
ကိုယ်နိုင်တယ်

မနေ့က လမ်းမှာ မဲ့ရွဲ့ပြတဲ့လူကို
ဒီနေ့အပြုံးနဲ့ နှုတ်ဆက်နိုင်တယ်
ကိုယ်နိုင်တယ်

မနေ့ကပေါင်း များစွာဟာ ပိန်းမှောင်ခဲ့ပေမယ့်
ကိုယ်ဒီနေ့ အသက်ရှင်လျက် ရှိနေတယ်
ကိုယ်နိုင်တယ်

-180720-

My Miscellaneous🌌💡Tempat cerita menjadi hidup. Temukan sekarang